ကျောက်ကပ်လေးကျန်းမာနေစေဖို့

ကျောက်ကပ်လေးကျန်းမာနေစေဖို့

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခန္ဓာကိုယ်က အစိတ်အပိုင်းတွေ အားလုံးကျန်းမာနေမှ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာလှုပ်ရှားနိုင်မှာပါ။ အစိတ်အပိုင်းတိုင်း ကသူ့အခန်းကဏ္ဍကို အကောင်းဆုံး ထမ်းဆောင်နေလို့သာ စိတ်သွားတိုင်း ကိုယ်ပါနေရတာပါ။ တကယ်လို့များ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု ကအလုပ်တွေကို ကောင်းကောင်းမလုပ်နို်င်တော့တဲ့အခါ နာမကျန်းဖြစ််မှုတွေက စလာတော့မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနေတဲ့ ကိုယ်တွင်းအင်္ဂါလေးတစ်ခုအကြောင်းဆွေးနွေးချင်ပါတယ်။
ကျောက်ကပ်

နံရိုးတွေရဲ့ အောက်ဘက်နားမှာရှိတဲ့ လက်သီးဆုပ်အရွယ် ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းပါ။ ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။

ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်တွင်း ကအညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။ သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လို်က်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါတွေအပြင်ကျောက်ကပ်က ကိုယ်တါင်း pH ပမာဏကို ထိန်းညှိပေးပြီး ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးနီဥဆဲလ်တွေထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။  အရိုးတွေသန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံးလုပ်ဆောင်မှုတွေရရှိစေဖို့အတွက်လည်း ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ ဗီတာမင် D ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။

ဒီလောက်တာဝန်အများကြီးကို ယူထားမှတော့ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာဖို့အတွက် ကျောက်ကပ်ကျန်းမာဖို့က မရှိမဖြစ်လိုအပ်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။
ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ကျောက်ကပ်လေးတွေ ကျန်းမာနေစေဖို့ ဘာတွေလုပ်ရမလဲ………..

ကျောက်ကပ်လေးတွေ ကျန်းမာနေစေဖို့ဆိုရင် ဒီအချက်လေေးတွကို သတိထားလုပ်ဆောင်ပေးသင့်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

နေ့စဉ်ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို ကျစ်လျစ်စေရုံတင်မဟုတ်ဘဲ နာတာရှည်ကျောက်ကပ်ရောဂါကနေပါ ကာကွယ်ပြီးသားဖြစ်စေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို လျော့ကျစေနိုင်လို့ နှလုံးကျန်းမာစေနိုင်သလို နာတာရှည်ကျောက်ကပ်ရောဂါကနေပါ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

ဒါကြောင့်နေ့စဉ် အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ယောဂကစားတာ၊ ကတာတွေကို လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာက ကျောက်ကပ်လေးတွေကို ကျန်းမာစေနိုင်မှာပါ။

သွေးချိုထိန်းပါ

ဆီးချိုရောဂါရှိသူတွေနဲ့ ပုံမှန်ထက် သွေးတွင်းသကြားဓာတ်မြင့်နေသူတွေက ကျောက်ကပ်ထိခိုက်နိုင်ခြေ ပိုများနေကြပါတယ်။ သွေးတွင်းသကြားဓာတ်က ခန္ဓာကိုယ်ဆဲလ်တွေလိုအပ်တဲ့ ပမာဏထက်ပိုများနေတဲ့အခါ ကျောက်ကပ်က သွေးတွေကို စစ်ထုတ်ဖို့ အလုပ်ပိုလုပ်ရပါတယ်။ ဒီအခြေအနေက ရေရှည်ဖြစ်လာတဲ့အခါ ကျောက်ကပ်ကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။
သွေးပေါင်ချိန်ကို ထိန်းညှိပါ
ခဏခဏသွေးတိုးတာက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်သွေးပေါင်ချိန်ဖြစ်တဲ့ အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ အနေအထားကို အမြဲထိန်းညှိိပေးပါ။ ဒါက ရေရှည်မှာ ကျောက်ကပ်ကို ပျက်စီးနိုင်ခြေနည်းစေပါတယ်။
အဝမလွန်ပါစေနဲ့
အဝလွန်တာကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေထဲကတစ်ခုပါ။ အဝလွန်တာရဲကနောက်ဆက်တွဲတွေဖြစ်တဲ့ ဆီးချို၊နှလုံးနဲ့ သွေးတိုးရောဂါတွေကိ ကျောက်ကပ်ကို အလွယ်တကူထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသောက်မှုပုံစံကို ဂရုစိုက်လို့ ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။
ရေများများသောက်ပါ

တစ်နေ့ကို ရေ ၈ ခွက်သောက်တာက ကျောက်ကပ်ကျန်းမာရေးကိုဂရုစိုက်နေတာပါပဲ။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ရေသောက်မပျင်းပါနဲ့။ ရေကို လုံလောက်တဲ့ ပမာဏဖြစ်အောင်သောက်သုံးပေးပါ။ ရေသာက်တာက ကျောက်ကပ်ထဲက အဆိပ်အတောက်တေါကို အထိရောက်ဆုံးဖယ်ရှားပစ်နိုင်ပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါခံစားရနိုင်ခြေကိုလည်း နည်းစေနိုင်ပါတယ်။
ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက ခန္ဓာကိုယ်က သွေးကြောတွေကို ပျက်စီးစေနိုင်ပါတယ်။ သွေးကြေတေလးတွေထိခိုက်မှုက ကျောက်ကပ်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှုနည်းသွားစေနိုင်ပါတယ်။ ဆေးလိပ်သော်ကတာက ကျောက်ကပ်ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် ကျောက်ကပ်ကျန်းမာချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်သင့်သလို တဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်သင့်ပါတယ်။
ဆေးတွေမသောက်ပါနဲ့
ဆေးတွေကို မလိုအပ်ဘဲသောက်တာကလည်း ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခုပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို စိတ်ထင်တိုင်းသောက်တာ၊ အဖျားပျေက်ဆေးတွေကို မလိုအပ်ဘဲသောက်တာအပြင် အချို့သော ဆေးဖက်ဝင်အပင်တွေကနေ ထုတ်တယ်ဆိုတဲ့ဆေးတွေကို ထင်တိုင်း မသောက်သင့်ပါဘူး။
ကျောက်ကပ်ကျန်းမာဖို့ ဘာတွေစားမလဲ………

အစားအသောက်တိင်းက ကျောက်ကပ်ကို မကျန်းမာစေနိုင်ပါဘူး။ အချို့အစားအစာတွေဆိုရ်င ကျောက်ကပ်ကို တော်တေ်ာလေးထိခိုက်စေနိုင်တာပါ။ ဒါကြောင့် ကျောက်ကပ်ကျန်းမာနေစေဖို့ဆိုရင်

  •     ပန်းဂေါ်ဖီ
  •     ဘလူးဘယ်ရီ
  •     ငါး
  •     ကြက်သွန်ဖြူ
  •     ကြက်သွန်နီ
  •     ဂေါ်ဖီထုတ်
  •     ပန်းငရုတ်ပွ
  •     ပန်းသီး စတာတွေကို စားသုံးပေးလို့ရပါတယ်။. ပြုပြင်ထားတဲ့ အစားအစာတေါ၊ အငန်ကဲတဲ့ အစားအစာတွေကိုတော့ ရှောင်သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly