လိုတာထက်ပိုပြီး ရေသောက်ရင်လည်း ဆိုးကျိုးဖြစ်စေနိုင်တာသိရဲ့လား

လိုတာထက်ပိုပြီး ရေသောက်ရင်လည်း ဆိုးကျိုးဖြစ်စေနိုင်တာသိရဲ့လား

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ ခန္ဓာကိုယ်ကျန်းမာဖို့ နေ့တိုင်း ရေလုံလောက်စွာ သောက်ပေးဖို့လိုတယ်ဆိုတာ သိပြီးသားဖြစ်ပေမဲ့ လိုတာထက်ပိုပြီး ရေများများသောက်မိရင်လည်း ကိုယ်ခန္ဓာအတွက် ဒုက္ခဖြစ်စေနိုင်ပါတယ်။
ရေလုံလောက်စွာ သောက်ပေးရင် ခန္ဓာကိုယ်အတွက် ဘာအကျိုးရှိနိုင်လဲ။

  •     အသားအရေကို ကြည်လင်ဝင်းပစေတယ်။
  •     ဖျားနာဝေဒနာကို သက်သာစေပြီး အဖျားတာတိုစေတယ်။
  •     ကိုယ်အလေးချိန်ကို ကျစေတယ်။
  •     နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေတယ်။
  •     ကြွက်သားတွေကို အားဖြည့်ပေးတယ်။
  •     စိတ်အာရုံကြည်လင်စေတယ်။

လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။

ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက်

၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = ၁.၃ လီတာ

၄နှစ်မှ ၈နှစ်အတွင်း ကလေးတွေ = ၁.၇ လီတာ

၉ နှစ်မှ ၁၃နှစ်အတွင်း အမျိုးသားများ = ၂.၄ လီတာ ၊ အမျိုးသမီးများ = ၂.၁ လီတာ

၁၄နှစ်မှ ၁၈နှစ်အတွင်း အမျိုးသားများ = ၃.၃ လီတာ ၊ အမျိုးသမီးများ = ၂.၃ လီတာ

၁၉နှစ်အထက် အမျိုးသားများ = ၃.၇ လီတာ ၊ အမျိုးသမီးများ = ၂.၇ လီတာ ဆိုပြီး ကွဲသွားပါတယ်။

ဒီပမာဏဟာ ရေအပြင် တခြားသော ရေအစားထိုးအစားအစာတွေ (အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အရည်မျိုးစုံ) ကနေ ရနိုင်တဲ့ ရေပမာဏကို ဆိုလိုတာဖြစ်ပါတယ်။
ရေသောက်များလွန်းတဲ့အခါ ခန္ဓာကိုယ်က ဘာတွေထိခိုက်လာနိုင်လဲ။

ရေဓာတ်ဆိုတာ ကိုယ်ခန္ဓာတွင်း အင်္ဂါတွေ၊ သွေးတွေ၊ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းစွာ လည်ပတ်အလုပ်လုပ်ဖို့ မျှခြေကို ထိန်းပေးနေတဲ့ အရာဖြစ်ပါတယ်။ ဒီတော့ ရေကို လိုတာထက်ပိုပြီး သောက်မယ်ဆိုရင်တော့ ဒီမျှခြေစနစ်က ပျက်စီးဖို့ပဲ ရှိပါတယ်။ ရေဓာတ်များလွန်းတဲ့အခါ သွေးထဲမှာရှိတဲ့ ဆိုဒီယမ်တွေ ရုတ်တရက်နည်းသွားပြီး Hyponatremia အခြေအနေကို ရောက်ပါမယ်။ သွေးတွင်းမှာရှိတဲ့ ဆိုဒီယမ်တွေဟာ ဦးနှောက်အတွင်းဆဲလ်တွေကို ပုံမှန်လည်ပတ်စေဖို့ မျှခြေထိန်းပေးတဲ့အရာဖြစ်ပါတယ်။့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့ ဒီအခြေအနေမှာဆိုရင်

  •     မောပန်းလွယ်ခြင်း
  •     အားမရှိသလိုဖြစ်ခြင်း
  •     ခြေလှမ်းမမှန်တော့သလို ဖြစ်ခြင်း
  •     စိတ်ဆိုးဒေါသထွက်လာမယ်
  •     စိတ်တွေ ရှုပ်ထွေးလာပြီး အာရုံစူးစိုက်မရဖြစ်မယ်
  •     အကြောဆွဲခြင်းအထိ ပြင်းထန်လာနိုင်ပါတယ်။

နောက်ထပ်ပြဿနာတွေအနေနဲ့ သွေးတွင်းဆိုဒီယမ်ဓာတ်တွေ နည်းသွားရာမှ ရေဆိပ်သင့်တဲ့အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။ မကုသဘဲ ပစ်ထားလိုက်ရင် ဦးနှောက်လုပ်ဆောင်ရည်ကို ထိခိုက်လာပြီး အန္တရာယ်များတဲ့အခြေအနေထိ ရောင်ရမ်းလာနိုင်ပါတယ်။ ဒီရောင်ရမ်းမှုကြောင့် ဝေဒနာခံစားရသူမှာ ကိုမာဝင်တာ၊ အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်ပါတယ်။
ရေကို လိုတာထက်ပိုမသောက်ဖို့ ဒီလိုဂရုစိုက်ပေးမယ်ဆိုရင်

အားကစားသမားတွေ၊ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်သူတွေမှာ တခြားသူတွေထက်ပိုပြီး ရေများများသောက်တတ်ကြပါတယ်။ အထူးသဖြင့် ရာသီဥတုအရမ်းပူလွန်းတာ၊ အပြင်ထွက်ပြီး အမြဲလှုပ်ရှားသွားလာနေရတာ၊ ချွေးအလွန်အကျွံထွက်တဲ့အခါ ရေသောက်လွန်သွားနိုင်တာကို သတိထားဖို့လိုပါတယ်။ သင့်တော်ရုံလောက်ပမာဏက ပြဿနာမရှိပေမဲ့ လိုတာထက်အရမ်းကို များသွားမယ်ဆိုရင်တော့ ပြဿနာက ဖြစ်လာနိုင်တာ သဘာဝပါပဲ။ ကျောက်ကပ်မကောင်းသူတွေမှာလည်း ပိုလျှံနေတဲ့ရေတွေကို ဆီးအဖြစ် အပြင်ကိုမစွန့်ထုတ်နို််င်တဲ့အတွက် ကျန်းမာရေးပြဿနာ ပိုဖြစ်နိုင်ပါတယ်။

အကယ်လို့ ရေသောက်လွန်းတဲ့အကျင့်ကြောင့် နာရီဝက်ခြားတစ်ခါလောက် ထပြီးဆီးသွားနေရတာ၊ ညဘက်တွေမှာလည်း အိပ်မပျော်ဘဲ ဆီးသွားနေရပြီဆိုရင် ရေသောက်တဲ့ပမာဏကို လျှော့ဖို့လိုအပ်လာပါပြီ။

  •     ဒါကြောင့် ကိုယ့်ရဲ့ တစ်နေ့တာ ရေသောက်တဲ့ပမာဏကို သတ်မှတ်ထားပါ။
  •     သတ်မှတ်ထားတဲ့ ပမာဏထက် နည်းမသွားစေဖို့၊ အရမ်းလည်း မများစေဖို့ ဂရုစိုက်ပါ။
  •     ရေတစ်ခါသောက်ရင် တစ်ငုံစီလောက်ပဲ သောက်ပါ၊ တစ်ဘူးလုံး အကုန်မော့သောက်တာမျိုး မလုပ်ပါနဲ့။
  •     ရေသောက်လွန်သွားတဲ့ လက္ခဏာတွေ ကိုယ့်မှာ ဖြစ်နေပြီလားဆိုတာ ဆန်းစစ်ကြည့်ပါ။

ဆီးပုံမှန်သွားတယ်၊ ဆီးအရောင်က အဝါဖျော့ရောင်ကို သမ်းနေတယ်၊ ချွေးပုံမှန်ထွက်ပြီး ရေဆာနေတယ်လို့ မခံစားရဘူးဆိုရင် ကိုယ့်မှာ ရေဓာတ်ပြည့်ဝနေတာ သေချာပါပြီ။ ရေဆာတယ်လို့ မခံစားမိရင်တော့ ရေထပ်သောက်ဖို့ မလိုအပ်ပါဘူး။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးရှိတယ်ဆိုတာ သတိထားပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly