ရှားခဲအင်းအတွက် ကျုံပျော်မြို့နယ်မှ ရေလုပ်သားများ ဆန္ဒထုတ်ဖော်

ရှားခဲအင်းအတွက် ကျုံပျော်မြို့နယ်မှ ရေလုပ်သားများ ဆန္ဒထုတ်ဖော်

ပုသိမ်၊ ဇူလိုင် ၉ ။         ။ ကျုံပျော်မြို့နယ်ရှိ ကျေးရွာ ၅အုပ်စုမှ ရေလုပ်သားများသည် ရှားခဲအင်းရရှိရေးအတွက် ပုသိမ်မြို့တွင် ဇူလိုင်လ ၉ ရက်နေ့က ဆန္ဒဖော်ထုတ်မှုတစ်ခု ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို႔က အင်းတောင်းဆိုမယ်။ အင်းသားကြီးတွေကိုအလိုမရှိကြောင်းနဲ့ တိုင်းငါးဦးစီး၊ ခရိုင်ငါးဦးစီး၊ ကျုံပျော်မြို့ နယ်ငါးဦးစီး သူတို ့က မရှင်းပေးတဲ့အတွက် ကျွန်တော်တို ့က အကြိမ်ကြိမ် အခါခါစာတွေတင်တယ်။ လူကိုယ်တိုင်လာတွေ႔တယ်။ တောင်းဆိုထားတဲ့အတွက်ကို သူတို ့ မရှင်း ပေးတဲ့အတွက် သူတို ့ကိုလည်း ကျွန်တော်တို့က အလိုမရှိဘူးဆိုပြီး ဆန္ဒနဲ ့ပြမှာဖြစ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူဦးစန်းညွန့်ကပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် "ရှားခဲအင်းကြီးရရှိရေး၊ ရှားခဲဒေသတည်ငြိမ်ရေး၊ တိုင်းငါးလုပ်ငန်းဦးစီး၊ ပုသိမ် ခရိုင် ငါးလုပ်ငန်းဦးစီး၊ ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီး အလိုမရှိ ”စသည့် ကြွေးကြော်သံများ ဖြင့် ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ရုံးအရှေ့သို့ ချီတက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

“၂၀၁၆မှာ ဝန်ကြီးလေးယောက် ချုပ်ထားတဲ့စာချုပ်နဲ႔ ကိုင်တွယ်ဖြေရှင်းသွားမယ်လို႔ ကျွန်မက အင်းသူကြီးကိုလည်းပြောတယ်။ ရေလုပ်သားငယ်တွေ ကျွန်မဆီလာသမျှ ခဏခဏရှင်းပြတယ်။ ကျွန်မသုံးသပ်ကြည့်တာတော့ သူတို ့က လေလံမအောင်မချင်း မရမချင်း ဆန္ဒဖော်ထုတ်မယ်။ ရအောင်ကြိုးစားမယ်လို့လည်း ပြောတယ်” ဟု ကျုံပျော်မြို့နယ်မှ ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ခင်မျိုးနိုင် က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရသည် ၂၀၁၇-၁၈ခုနှစ်တွင် ကျပ်သိန်း၄ဝအောက် အင်းများကို အစုအဖွဲ ့ များသို ့ရောင်းချခဲ့ပြီး ရှားခဲကြီး၊ရှားခဲလေးအင်းမှာ အစုအဖွဲ႕ အင်း မဟုတ်သလို အင်းတန်ဖိုးမှာလည်း ကျပ် ၈၆သိန်းဖြစ်သောကြောင့် လေလံတင်ရောင်းချသည့်အင်းဖြစ်ခဲ့သည်။ အဆိုပါအင်းကို ယခု ဆန္ဒြုပသူများက လေလံဝင်ဆွဲခဲ့သေးသော်လည်း လေလံမအောင်ခဲ့ကြောင်း ကျုံပျော်မြို့နယ်မှ ငါးလုပ်ငန်းဦးစီးမှူးက ပြောသည်။

“ငါးလုပ်ငန်းဦးစီးဌာန တိုင်း၊ခရိုင်၊မြို့နယ်များ ဘယ်သူဘက်မှ မပါဘူး။ ၄/၂၀၁၈ရယ်၊၁/၂၀၁၉ ဥပဒေတွေအရ အင်းသားကြီး ကြေးတိုင်လျှောက်ပိုင်ခွင့်ရှိလို့ လျှောက်သွားတာ”ဟု ကျုံပျော်မြို့နယ်မှ ငါးလုပ်ငန်းဦးစီးမှူးက ပြောသည်။

ကျုံပျော်မြို့နယ်ရှိ ရှားခဲအင်းသည် ၂၀၁၂နှစ်တွင် ရေလုပ်သားများနှင့် အင်းသားကြီးများ ပြဿနာ ဖြစ်ပွားခဲ့သည့် အင်းလည်းဖြစ်သည်။ယခု ဆန္ဒထုတ်ဖော်မှုတွင် ရှားခဲအင်းကြီးဝန်ကျင်ရှိ ကျေးရွာများမှ ဒေသခံများက စုပေါင်းဆန္ဒ ထုတ်ဖော် ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly