ရော့ခ်တေးဂီတ အဆိုတော်နဲ့ တွဲနေပါတယ်လို့ ဖွင့်ဟ ပြောကြားလာတဲ့ IU

ရော့ခ်တေးဂီတ အဆိုတော်နဲ့ တွဲနေပါတယ်လို့ ဖွင့်ဟ ပြောကြားလာတဲ့ IU

တောင်ကိုရီးယား အဆိုတော် IU က ရော့ခ်အဆိုတော် ချောင်ကီဟာနှင့် တွဲနေသည်မှာ နှစ်နှစ်ရှိပြီဖြစ်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။ အောက်တိုဘာ ၈ ရက်က  IU နှင့် ချောင်ကီဟာ တို့နှစ်ဦး၏ ဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနာက် IU က ယခုကဲ့သို့ ဝန်ခံ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့နှစ်ဦး တွဲနေတာ နှစ်နှစ်လောက် ရှိပါပြီ။ ကျွန်မတို့ ရေဒီယို အစီစဉ်တစ်ခုမှာ ပထဆုံး ဆုံတွေ့ခဲ့ကြတယ်။ ကျွန်မ မြင်မြင်ချင်းပဲ သူ့ကို ချစ်မိသွားတာပါ။ ကျွန်မ သူဆီကနေ အများကြီး သင်ယူခဲ့ရတယ်။” ဟု IU က ၎င်း၏ fan page တွင် ရေးသားခဲ့သည်။

“ ဒီသတင်းကို ကြားတဲ့အခါ ကျွန်မထက် ပရိတ်သတ်တွေက ပိုပြီး အံ့သြမိမှာပါ။ ကျွန်မဒီသ တင်းကို စောစောစီးစီး မပြောမိတာ တောင်းပန်ပါတယ်” ဟု IU က ပြောကြားခဲ့သည်။

အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ပြည်တွင်းသတင်းစာ Dispatch က  IU နှင့် ချောင်တို့ တွဲရိုက်ထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly