ပထမဆုံးအကြိမ် ပြုလုပ်မည့် Queen Of About U 2015 (Yangon) ပြိုင်ပွဲ

ပထမဆုံးအကြိမ် ပြုလုပ်မည့် Queen Of About U 2015 (Yangon) ပြိုင်ပွဲ
Queen Of About U 2015 (Yangon) ပြိုင်ပွဲ ကျင်းပမည့် အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ ၉ရက်တွင် ရန်ကုန်မြို့ ဆူးလေးရှိ City Star ဟိုတယ်၌ ပြုလုပ်စဉ်။ (ဓာတ်ပုံ-ပန်းမြတ်ဇော်)

ရန်ကုန်၊ အောက်တိုဘာ ၉ ။         ။ Sentosa Trading ကုမ္ပဏီမှ ပထမဆုံး အကြိမ် ကျင်းပမည့် Queen Of About U 2015 (Yangon) ပြိုင်ပွဲ ကို နိုဝင်ဘာ ၁ရက်တွင် ရန်ကုန်မြို့ရှိ Junction Square၌ ကျင်းပသွားမည် ဖြစ်သည်။

Queen Of About U 2015 (Yangon) ပြိုင်ပွဲ ကျင်းပမည့် အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ ၉ရက်တွင် ရန်ကုန်မြို့ ဆူးလေးရှိ City Star ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

ထိုပြိုင်ပွဲကို လူမျိုး၊ သာသာမရွေး အမျိုးသမီး အားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အိမ်ထောင်မရှိသူ ဖြစ်ရမည်။ ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သူ၊ နှစ်လိုဖွယ် အမူအရာနှင့် ကိုယ်နေဟန်ထား ရှိသူ ဖြစ်ရမည်။

ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။ Photo 4" × 6" Size မျက်နှာ အနီးကပ်ပုံ တစ်ပုံ၊ ကိုယ်တစ်ပိုင်းပုံ တစ်ပုံ၊ တစ်ကိုယ်လုံးပုံ တစ်ပုံ စုစုပေါင်း ဓာတ်ပုံ ၃ပုံ နှင့်အတူ ပူးတွဲ ပေးပို့ရမည် ဖြစ်သည်။

လျောက်လွှာများကို About U ကုန်ပစ္စည်း Show room များတွင် About U ကုန်ပစ္စည်း တစ်မျိုး ဝယ်ယူပြီး ဖောင်များထုတ်ယူနိုင်သလို အောက်တိုဘာ ၂၆ ရက် နောက်ဆုံးထား ပြီးပြန်လည်ပေးပို့လျှောက် ထားနိုင်သည်။

Sentosa Trading ကုမ္ပဏီမှ Marketing Director ကို ကျော်ဆန်းက "ဒီပွဲ လုပ်ရတာကတော့ ကျွန်တော်တို့ တင်သွင်း ဖြန့်ချိနေတဲ့ About U အလှကုန်ပစ္စည်းရဲ့ သုံးစွဲသူတွေနဲ့ use to ဖြစ်ဖို့ပါ။ နောက်ပိုင်းမှာလည်း တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ပြိုင်ပွဲတွေလုပ်သွားဖို့ အစီအစဉ် ရှိပါတယ်" ဟု ပြောသည်။

Queen Of About U Award ရွေးချယ်ခံရသူသည် ကျပ် ၅သိန်း ရရှိမည် ဖြစ်ပြီး 1st runner up ရရှိသူကို ကျပ် သုံးသိန်း ၊ 2nd runner up ရရှိသူကို ကျပ် နှစ်သိန်းဖြင့် အသီးသီး ချီးမြှင့်သွားမည် ဖြစ်သည်။ ထိုဆုများ အပြင် The Best Of Body Beauty Award The Best Of Hair Style Award The Best Of Complexion Award The Best Style Award The Best Smile Award The Best Costume Award တို့ကိုလည်း ချီးမြှင့်သွားမည် ဖြစ်သည်။

ပြိုင်ပွဲဝင်များ အနေဖြင့် round သုံးမျိုးဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး Short Dress၊ စိတ်ကြိုက် ဖန်တီးမှုဒီဇိုင်း၊ Evening Dress နောက်ဆုံးပေါ် အဝတ်အစားများဖြင့် ကိုယ်ရည်ကိုယ်သွေး ယှဉ်ပြိုင်ကြရမည်ဖြစ် သည်။ ပွဲကျင်းပသည့် နေရာတွင်  About U ကုန်ပစ္စည်းကို 10 % မှ 30 % အထိ Discount ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး Lucky Draw အစီအစဉ်များ၊ ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly