လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဘယ်လိုကာကွယ်ကြမလဲ

လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဘယ်လိုကာကွယ်ကြမလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ်ဝန်ကြောင့်၊ ကိုယ်အလေးချိန် အပြောင်းအလဲကြောင့် နဲ့ ကြွက်သားတွေတက်လာတာကြောင့်ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အကြောပြတ်ရာတွေ ပေါ်လာလေ့ရှိပါတယ်။ ဒီလို ကိုယ်အလေးချိန်တက်လာတော့ ဝိတ်ပြန်ချဖို့ လေ့ကျင့်ခန်းတွေပြန်လုပ် အဲဒီမှာ တစ်ခါထပ်ပြီး အကြောကပြတ်နဲ့ သံသရာဆုံးတော့မှာ မဟုတ်ပါဘူး။ အကြောပြတ်ရာတွေဆိုတာလည်း တစ်ခါဖြစ်ဖူးရင် တစ်သက်လုံးဆက်ရှိနေမယ့်အရာတွေပါ။  အကြောပြတ်ရာတွေက ကျန်းမာရေးကို ဘာထိခိုက်မှုမှ မပေးပေမယ့် အကျည်းတန်တယ်ဆိုတာတော့  အားလုံးသိကြမှာပါ။ ဒီတော့ ဒီလို လေ့ကျင့်ခန်းလုပ်ရင်း အကြောပြတ်ရာတွေ ပေါ်မလာအောင် ဘယ်လိုလုပ်ကြမလဲ ။ ။
လေ့ကျင့်ခန်းလုပ်ရင်း ရလာမယ့် အကြောပြတ်ရာတွေကို ဒီလိုကာကွယ်ပါ။
ကျန်းမာရေးနဲ့ ညီညွတ်မျှတတာတွေစားပါ ။ ။

အသီးအရွက် တွေ၊ အစေ့အဆံတွေနဲ့ အဆီမပါတဲ့ အသားတွေဟာ ကျန်းမာရေးအတွက် တကယ်ကိုအကျိုးပြုတဲ့ အစားအစာတွေပါ။ အကြောပြတ်ရာတွေဖြစ်တာဟာ အရေပြားဆွဲဆန့်တာများတာနဲ့ ကော်လာဂျင်နည်းတာကြောင့် ဖြစ်တာဖြစ်တဲ့အတွက် ဗီတာမင် A ဗီတာမင် C  ဗီတာမင် E လိုမျိုး အသားအရေအတွက်ကောင်းတဲ့ ဗီတာမင် တွေရယ် ကော်လာဂျင်များတဲ့ အစားအစာတွေရယ် စားပေးသင့်ပါတယ်။
ကိုယ်မနေတဲ့ ဝိတ်တုံးတွေရဲ့ အလေးချိန်ကို လျှော့လိုက်ပါ။ ။

ကြွက်သားတက်ချင်လို့ အလေးတုံးကြီးကြီးတွေ မ၊ ကိုယ်အလေးချိန်ကျချင်ပြန်တော့ လေ့ကျင့်ခန်းကို မြန်မြန်လုပ်တာမျိုးတွေက အကြောပြတ်ရာတွေကိုဖြစ်စေတဲ့အကြောင်းအရင်းတွေပါ။ ဒါ့ကြောင့် အကြောပြတ်ရာတွေပေါ်နေပြီဆိုရင် အလေးတုန်းတွေကို အလေးချိန်လျှော့မတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းကို ဖြေးဖြေးလေးလုပ်တာမျိုးလေးတွေ လုပ်ပေးပါ။
လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ပါ။ မလုပ်ခင်လည်း အကြောလျှော့ပါ။

လေ့ကျင့်ခန်းကို တန်းပြီးလုပ်တာထက်စာရင် လေ့ကျင့်ခန်း မလုပ်ခင် သွေးပူအောင် အရင်လှုပ်ရှားမှုလေးတွေလုပ်ပြီး အကြောလျှော့ပါ။ ပြီးမှ ကိုယ်လုပ်ချင်တဲ့ လေ့ကျင့်ခန်းကိုလုပ်ပါ။ လေ့ကျင့်ခန်း အားလုံးလုပ်ပြီးတဲ့ အချိန်မှာလည်း အကြောပြန်လျှော့ဖို့ မမေ့ပါနဲ့။
အရေပြားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

အကြောပြတ်ရာတွေ ထိန်းလိုက်မရအောင်ပေါ်လာပြီဆိုရင် ဆေးခန်းသွားပြီး ဆရာဝန်နဲ့တိုင်ပင်ကာ tretinoin cream လိမ်းပေးလို့ရပါတယ်။  စိတ်ရှည်ရှည်နဲ့ ဖြစ်တဲ့နေရာကို ဆေးမှန်မှန် လိမ်းပေးဖို့တော့လိုပါလိမ့်မယ်။ လိမ်းဆေးတွေက ဖြစ်နေတဲ့ အကြောပြတ်ရာတွေကို အရှင်းမပျောက်စေပေမယ့် ထင်းနေတဲ ့အကြောပြတ်ရာတွေကို မှိန်စေပြီး နောက်ထပ် အကြောပြတ်ရာတွေ ထပ်ဖြစ်မလာအောင် တားဆီးပေးမှာပါ။
အသားအရေထိန်းလိမ်းဆေးတွေ သုံးပေးလို့ရပါတယ်။

လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်ပြီးလို့ ရေချိုးပြီးချိန် နဲ့ အိပ်ရာဝင်ချိန် တိုင်းမှာ အကြောပြတ်ရာတွေကို ကာကွယ်ပေးမယ့် လိမ်းဆေးအဆီတွေ မှန်မှန်လိမ်းပေးပါ။

အကြောပြတ်ရာတွေနဲ့ ပက်သက်ပြီး နောက်ထပ်သိထားသင့်တဲ့အချက်တွေကတော့

  •    
    အချိန်ကြာလာတာနဲ့အမျှ အကြောပြတ်ရာတွေက တဖြည်းဖြည်း မှိန်သွားပါလိမ့်မယ်။
  •     နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည် တွေက အကြောပြတ်ရာတွေကို ပိုထင်းစေတဲ့အတွက်ကြောင့် အကြောပြတ်ရာတွေ ကောင်းကောင်းမသက်သာသေးခင် နေရောင်ခြည်ကို အတတ်နို်င်ဆုံး ရှောင်ပါ။
  •     ကိုယ်ဝန်ကြောင့်လည်းမဟုတ်၊ လေ့ကျင့်ခန်းကြောင့်လည်းမဟုတ်ဘဲနဲ့ အကြောပြတ်ရာတွေ ပေါ်လာခဲ့ပြီဆိုရင် ဆရာဝန်ဆီသွားပြီး သေချာဆွေးနွေးပါ။ အကြောပြတ်ရာတွေက အခြားကျန်းမာရေးတွေကြောင့်လည်း ပေါ်လာတတ်ပါတယ် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly