ရပ်ထားသည့် ပုသိမ်ဆေးရုံတိုးချဲ့ဆောင်လုပ်ငန်း ပြန်လည်လုပ်ဆောင်မည်

ရပ်ထားသည့် ပုသိမ်ဆေးရုံတိုးချဲ့ဆောင်လုပ်ငန်း ပြန်လည်လုပ်ဆောင်မည်

ပုသိမ်၊ ဇွန်၁၉ ။          ။ သုံးနှစ်နီးပါး ရပ်ဆိုင်းထားသည့် ပုသိမ်ဆေးရုံ ၉ထပ်ဆောင် တိုးချဲ့လုပ်ငန်းကို တင်ဒါခေါ်ပြီး ပြန်လည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလျှပ်စစ်စွမ်းအင် စက်မှုလက်မှုဝန်ကြီး ဦးဝင်းဌေးက မဇ္စျိမကို ပြောသည်။

ပုသိမ်မြို့သို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် လာရောက်စဉ်က ဆေးရုံတိုးချဲ့ စီမံကိန်းကို ပြန်လည်စိစစ်ရန် လမ်းညွှန်ခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းအစိုးရအဖွဲ ့တို့ ပူးပေါင်းပြီး ကော်မတီ ၃ရပ်ဖွဲ့စည်းဆောင်ရွက်ခဲ့ရသည့် စီမံကိန်းလည်းဖြစ်သည်။

“ကျန်းမာရေးဒုဝန်ကြီးနဲ့ တိုင်းအစိုးရက စိစစ်တဲ့အဖွဲ ့တွေနဲ ့အစည်းအဝေးလုပ်ပါတယ်။ ကျွန်တော်တို့ စိစစ်ဖြတ်တောက်တာတွေ ညှိနှိုင်းထားတဲ့ဟာတွေကိုလည်း တင်ပြလိုက်ပါတယ်။ အကြိုရပ်ဆဲရေးကိစ္စက သဘောတူပြီးသားဖြစ်ပါတယ်။ တိုင်းကျန်းမာရေးက လုပ်ထားတာပါ”ဟု တိုးချဲ့၉ထပ်ဆေးရုံနှင့်ပတ်သက်ပြီး လျှပ်စစ်စွမ်းအင်စက် မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မဇ္စျိမကို ပြောသည်။

လက်ရှိဆောက်နေသည့် ကုမ္ပဏီနှင့့် လုပ်ငန်းတင်ဒါစာချုပ်ရပ်ဆဲရေးကိစ္စကို အကြမ်းဖျင်း သဘောတူညီချက်ကို ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလက ရရှိထားပြီး တန်ဖိုးတွက်ချက်စိစစ်ပြီးသည့် အချိန်တွင် အပြီးသတ်စာချုပ် ဖျက်သိမ်းနိုင်ရေးကို လုပ်ဆောင်သွားမည်ဟု ဝန်ကြီးဦးဝင်းဌေးက ဧပြီလအတွင်းက ပြောကြားထားသည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဆေးရုံကိုအပြီးသတ်ဆောက်လုပ်နိုင်ရေး လုပ်ဆောင်ပေးမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပုသိမ်ဒေသခံများတွေ့ဆုံသည့်ပွဲတွင် ဝန်ကြီးဦးဝင်းဌေးက ပြောကြားထားသည်။

ပုသိမ်ဆေးရုံ တိုးချဲ ့၉ထပ်ဆောင်လုပ်ငန်းအား Royal Lotus Co.Ltdက တင်ဒါအောင်မြင်ခဲ့ပြီး ဆေးရုံဆောက်လုပ်နေမှုကို ၂၀၁ရခုနှစ်တွင် ရပ်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly