အင်ဒိုနီးရှားတောမီးက မီးခိုးများဖုံးလွှမ်းမှုကြောင့် ထိုင်းနိုင်ငံတွင်ပါ စိုးရိမ်မှုများ ရှိလာ

အင်ဒိုနီးရှားတောမီးက မီးခိုးများဖုံးလွှမ်းမှုကြောင့် ထိုင်းနိုင်ငံတွင်ပါ စိုးရိမ်မှုများ ရှိလာ

ထိုင်းနိုင်ငံအတွက် ယခုနှစ်အတွင်း မိုးခေါင်မှု၊ ရေကြီးမှုများဖြင့် ဆိုးဝါးသည့် ရာသီဥတုများ ကြုံတွေ့ထားရခြင်းကြောင့် အင်ဒိုနီးရှားတွင် လောင်သည့် တောမီးမှ မီးခိုးငွေ့များက အရှေ့တောင် အာရှဒေသများ စွာတွင် ပျံ့နှံ့ဖုံးလွှမ်းလျက်ရှိရာ ထိုင်းနိုင်ငံသို့ပါ ရောက်ရှိဖုံးလွှမ်းလာရာ စိုးရိမ်မှုများ ရှိနေရသည်။

ပြီးခဲသည့်သီတင်းပတ်အတွင်း နိုင်ငံခြားဧည့်သည်များ လာရောက်ရာ ဖူးခက်နှင့် ဆူရတ်သာနီတို့အပါအဝင် တောင်ပိုင်းထိုင်းနိုင်ငံတစ်ခွင်တွင် မီးခိုးမြူမှုန့်များက အနိမ့်ဆုံးလုံခြုံမှု အဆင့်အထက်နား မြင့်တက်လာသည်။

ဖူးခက်ကလွဲ၍ ကျန်ပြည်နယ်များတွင် အခြေအနေက တိုးတက်မှုရှိကြောင်း လေထုညစ်ညမ်းမှု ထိန်းသိမ်းရေးဌာနက ပြောသည်။ ဖူးခက်ကျွန်းတွင် လေထုတွင် အမှုန့်ပါဝင်မှုနှုန်းက နိုင်ငံသတ်မှတ် လက်ခံထားသည့် တစ်ကုဗမီတာ ၁၂၀ မိုက်ခရိုဂရမ်အထက်ရှိကာ တစ်ကုဗမီတာတွင် ၁၇၄ မိုက်ခရိုဂရမ်အထိ မြင့်တက်နေခြင်းဖြစ်သည်။

သို့သော်လည်း နိုင်ငံခြားဧည့်သည်များ လာရောက်မှုများရာ ဖူးခက်ကျွန်းသို့ ဧည့်သည်ရောက်ရှိမှုက သိသိသာသာကျဆင်းခြင်း မရှိသေးပေ။ အစိုးရအနေဖြင့် အင်ဒိုနီးရှားထံမှ အရေးပေါ်လုပ်ဆောင်မှု များအတွက် အဆိုပြုစီမံချက်များ ရရှိရေး လုပ်ဆောင်ထားသင့်ကြောင်း ထိုင်းဟိုတယ်အသင်းအဖွဲ့က တိုက်တွန်းထားသည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly