ဘေဘီလေးကို နွားနို့တိုက်ကျွေးခြင်း

ဘေဘီလေးကို နွားနို့တိုက်ကျွေးခြင်း

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အရိုးနဲ့သွားတွေသန်မာအောင် နွားနို့သောက်ပါဆိုတာက သိပ်စိမ်းလှတဲ့ စကားတစ်ရပ်တော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက နွားနို့ကို ကြိုက်လို့ဖြစ်ဖြစ် မေမေကတိုက်လို့ဖြစ်ဖြစ် သောက်ခဲ့ကြပါတယ်။ သောက်သာသောက်ခဲ့တယ်။ သေချာမသိတာကြောင့် ကလေးကိုတိုက်ချင်ပေမယ့် ဘာတွေအကျိုးရှိမလဲ သိချင်နေတဲ့ မေမေတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်ပါနော်။
နွားနို့တစ်ခွက်ရဲ့ အာဟာရ

နွားနို့တစ်ခွက်စာမှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။

  •     အဆီဓာတ်
  •     ကယ်လ်လိုရီ
  •     ကာဗိုဟိုက်ဒရိတ်
  •     ပရိုတင်း
  •     ကယ်လ်ဆီယမ်
  •     ဗီတာမင် ဒီ
  •     ဖော့စဖောရပ်စ်
  •     ရေဓာတ်
  •     မဂ္ဂနီဆီယမ်
  •     ပိုတက်ဆီယမ်
  •     ဗီတာမင် အေ
  •     ဗီတာမင် B2
  •     နီကာဆင်တို့ပါဝင်နေပါတယ်။

ဘေဘီလေးနဲ့ နွားနို့သောက်ခြင်း

နွားနို့သောက်တာက ဘေဘီလေးအတွက် အကျိုးကျေးဇူးတော်တေ်ာများတာပါ။ အရိုးနဲ့ သွားတွေကို သန်မာစေရုံတင်မကပဲ ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုတွေ အတွက်ပါ ထောက်ပ့ံပေးပါတယ်။ ဘေဘီလေးကို နွားနို့ပုံမှန်တိုက်ကျွေးပေးတာက အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

  •     အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေနိုင်တယ်။
  •     ကယ်လ်ဆီယမ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်။
  •     ကလေးအရွယ်မှာ အဝလွန်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
  •     ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီတွေကိုဖယ်ရှားပေးတယ်။
  •     အာရုံကြောစနစ်ကိုကျန်းမာစေနိုင်တယ်။
  •     ဟော်မုန်းတွေကို ထိန်းညှိပေးတယ်
  •     ကြွက်သားတွေကို ဖွံ့ဖြိုးကြီးထွားစေတယ်။
  •     ကိုယ်ခံအား ကောင်းစေတယ်။
  •     နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တယ်။
  •     သွားပိုးမစားအောင် ကာကွယ်ပေးတယ်။
  •     သွေးတိုးရောဂါမဝင်အောင် ကာကွယ်ပေးနိုင်တယ်။
  •     ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးတယ်။
  •     အရိုးကျိုးလွယ်တာ၊ အရိုးပွတာမျိုး မဖြစ်အောင်ကာကွယ်ပေးတယ်။
  •     နှလုံးသွေးကြောတွေကို ကျန်းမာစေတယ်။
  •     နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။
  •     ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေတယ်။
  •     ကလေးကိုကြီထွားဖွံ့ဖြိုးစေပြီး အားရှိစေတယ်။
  •     ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေနိုင်တယ်။

ဘေဘီလေးကို တိုက်ပေးသင့်တဲ့ နွားနို့ပမာဏ

ဘေဘီလေးက နို့သကြားအချိုဓာတ်ကို မစုပ်ယူနိုင်တဲ့ရောဂါရှိနေမယ်ဆိုရင်တော့ နွားနို့ မတိုက်သင့်ဘူးဆိုပေမယ့် ကလေးက ပုံမှန်အတိုင်း ကျန်းမာတယ်ဆိုရင်တော့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် နွားနို့တိုက်ပေးသင့်ပါတယ်။ ကလေးတစ်ယောက်ဟာ ပုံမှန်အားဖြင့် တစ်နေ့ကို နွားနို့တစ်ခွက်တော့ သောက်ပေးသင့်ပါတယ်။

အသက် ၁ နှစ် ကနေ ၂ နှစ်အတွင်း

ကလေးက အသက် ၁ နှစ်လောက်ရောက်လာပြီဆိုရင် နွားနို့စတိုက်လို့ရပါပြီ။ ကလေးက တစ်နှစ်ကနေ နှစ်နှစ်အတွင်းမှာဆိုရင် ဦးနှောက်နဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့အတွက် အဆီပြည့်နို့ တစ်နေ့ကို ၃၂ အောင်စ ၄ ခွက်လောက်အထိသောက်ပေးလို့ရပါတယ်။

ကလေးအသက် ၂ နှစ် ကနေ ၈ နှစ်အတွင်း

ကလေးက အသက် ၂ နှစ် ကနေ ၃ နှစ်အရွယ်အတွင်းဆိုရင်တော့ တစ်နေ့ကို အနည်းဆုံး နွားနို့ ၂ ခွက်သောက်သင့်ပါတယ်။

ကလေးက အသက် ၄ နှစ်ကနေ ၈ နှစ်အတွင်းဆိုရင်တော့ တစ်နေ့ကို နွားနို့ ၂ ခွက်နဲ့ အခြားနို့ထွက်ပစ္စည်းတွေကိုစားသုံးပေးလို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly