ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ကိုယ်ဝန်ဆောင်ချိန်က အခြားကာလတွေလို မဟုတ်ပါဘူး။ လုံးဝကို အတိမ်းအစောင်းမခံတဲ့အချိန်ပါ။ ဖျားနာလို့ ဆေးသောက်ဖို့လည်းတော်တော်လေး စဉ်းစားရတဲ့အချိန်မှာ သွေးတိုးများဖြစ်နေရင် တော်တော်လေးခံစားရခက်မှာနော်။ သွေးကျဆေး သောက်လို့ရောဖြစ်ပါ့မလားလို့ တွေးနေမိမှာပေါ့နော်။ ကိုယ်ဝန်ဆောင် သွေးတိုးကြောင့် စိတ်မညစ်ရစေဖို့ ဒီနည်းလေးတွေကို အဆင်ပြေစေမှာပါနော်။
ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာ
ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်ထက်တွေထက်များနေတဲ့ အခြေအနေတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀ နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိတောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင် သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီဆိုတာ သေချာနေပါပြီ။
ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ
ကိုယ်ဝန်ဆောင်သွေးတိုးက ကိုယ်ဝန်ဆောင်တိုင်းမှာဖြစ်တယ်တော့မဟုတ်ပါဘူး။ အခုပြောပြမယ့်သူတွေကတော့ ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေမြင့်နေသူတွေပါနော်။
ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့မေမေတွေ
မိခင် နဲ့ အစ်မတော်စပ်သူတွေက ကိုယ်ဝန်ဆောင်သွေးတိုးခံစားဖူးတဲ့မေမေတွေ
အမြွှာကိုယ်ဝန်ဆောင်ထားရတဲ့မေမေတွေ
အသက် ၂၀ အောက် မေမေတွေ
အသက် ၄၀ အထက် မေမေတွေ
သွေးတိုးရောဂါအခံရှိတဲ့ မေမေတွေ
ကျောက်ကပ်ရောဂါရှိတဲ့ မေမေတွေက အခြားကိုယ်ဝန်ဆောင်မေမေတွေထက် ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေကို ပိုများစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်သွေးတိုးအတွက် သွေးကျဆေးသောက်လို့ရလား
ကိုယ်ဝန်ဆောင်သွေးတိုးအတွက် သွေးကျဆေးသောက်ဖို့ ဆရာဝန်အများစုက မညွှန်းကြပါဘူး။ အကြောင်းကတော့ ဖွံ့ဖြိုးကြီးထွားနေတဲ့ ရင်သွေးလေးကို ထိခိုက်မှာစိုးတာကြောင့်ပါ။ ဘေဘီလေးကို ထိခိုက်မှုမဖြစ်စေဖို့ သွေးတိုးတာကို ဒီအတိုင်ဒနေရမျာလားဆိုတော့ မဟုတ်ပါဘူး။ အခုလိုမျိုးနည်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။
သက်တောင့်သက်သာလေးလှဲနေပါ။
ပြည့်ပြည့်ဝဝအနားယူပါ။
ဆားလျှော့စားပါ။
ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်လို့ ပင်မသွေးကြောတွေပေါ်မျာ ဖိမိနေတဲ့ ဝန်တွေကို လျှော့ပါ။
အာလူးကြော်တို့လိုမျိုး အငန်ကဲတဲ့သရေစာတွေကို လျှော့စားပါ။
အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ။
ကဖင်းကို ရှောင်ပါ။
တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပါ။
ကိုယ်ဝန်ဆောင်သွေးတိုးအတွက် အကောင်းဆုံးသောနည်းလမ်းများ
ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ သွေးတိုးရောဂါကြောင့် ဘေဘီလေးရော၊ မေမေမှာပါထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတေါက သက်သာစေဖို့ရော ကာကွယ်တဲ့အနေနဲ့ပါ အသုံးဝင်မှာပါ။
လေ့ကျင့်ခန်းလုပ်ပါ
ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ဖို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ဆောင်မေမေတို့ သက်တောင့်သက်သာဖြစ်စေပြီး ကိုယ်ခံအားကောင်းစေမယ့် လေ့ကျင့်ခန်းမျိုးကို တစ်နေ့ကို မိနစ် ၃၀ လောက်လုပ်ပေးပါ။ လမ်းလျှောက်တာမျိုးဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်ယောဂလိုမျိုး လေ့ကျင့်ခန်းတွေလုပ်ပေးပါ။
ဆားလျှော့စားပါ
ကိုယ်ဝန်ဆောင်သွေးတိုးကိုကာကွယ်နိုင်မယ့် သဘာဝ နည်းလမ်းတစ်ခုက ဆားလျှော့စားတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းမမျှတတာကြောင့် ကိုယ်ခံအားထိခိုက်တာမျိုးဖြစ်စေနိုင်သလို သွေးတိုးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဆားလျှောပစားတာက မေမေတို့အတွက် အကောင်းဆုံးဖြစ်မှာပါ။
ငှက်ပျောသီးစားပေးပါ
တစ်နေ့ကို ငှက်ပျောသီးတစ်လုံး ပုံမှန်စားပေးပါ။ ဒီလိုစားပေးတာက အမျှင်ဓာတ်ရရှိစေတာကြောင့် ဝမ်းမှန်စေနိုင်သလို ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကာကွယ်ပေးမှာ အသေအချာပါ။ သွေးတိုးတတ်သူတွေအတွက် ဓာတ်စာဆိုလည်း မမှားပါဘူး။
စိတ်ဖိစီးမှု လျှော့ပါ
စိတ်ဖိစီးမှုကလည်း သွေးတိုးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀ လောက် သီချင်းနားထောင်ပေးတာ၊ တရားထိုင်တာမျိုးတွေလုပ်ပြီး သွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါ။
ကဖင်းရှောင်ပါ
ကဖင်းသောက်သုံးမှုကလည်း သွေးတိုးစေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သွေးပေါင်ချိန်ရရှိစေဖို့ ကဖင်းကို တတ်နိုင်သမျှလျှော့ပါ။
သရေစာတွေရှောင်ပါ
အာလူးကြော်တွေ၊ကွတ်ကီးတွေလိုမျိုး တာရှည်ခ့အောင်လုပ်ထားပြီး အငန်ကဲတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ဒါမှ ကိုယ်ယန်ဆောင်ချိန်မှာ သွေးတိုးဖြစ်တာကို လျော့ကျစေနိုင်မှာပါ။
ကိုယ်ဝန်ဆောင်သွေးတိုးက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တာမို့ ဂရုစိုက်ဖို့ပြောပါရစေနော်။