၃ ကြိမ်မြောက် ကျပ်သိန်း ၁၅၀၀၀ ဆုအား ပုသိမ်မြို့မှ ထီစပ်တူထိုးသူ ၂ ဦး ကံထူး

၃ ကြိမ်မြောက် ကျပ်သိန်း ၁၅၀၀၀ ဆုအား ပုသိမ်မြို့မှ ထီစပ်တူထိုးသူ ၂ ဦး ကံထူး

ပုသိမ်၊ မေ ၃ ။     ။ "၃ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်း ၁၅၀၀၀ ဆုအား ပုသိမ်မြို့မှ ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ထီကို စပ်တူထိုးရာမှ ယင်းကဲ့သို့ ကံထူးခဲ့ခြင်း ဖြစ်သည်။"

 “ထီပေါက်တယ်ဆိုတာ ၂ ရက်နေ့ ည ၈ နာရီလောက်မှ သိတာ။ ကိုယ်စားလှယ်က လာပြီးတိုက်ပေးလို့ သိတာ ကိုယ်လည်း မသိဘူး။ ကိုယ်ကလည်း မတိုက်ဘူး။ ထီတော့ ထိုးတယ်။ ထီတော့ မတိုက်ဘူး။ လောလောဆယ် တော့ စိတ်လှုပ်ရှားနေတော့ ဘာစပြောလို့ ပြောရမှန်းမသိဘူး။ အမေတွေကို ပြန်ကြည့်ရမယ်၊ အမေတွေ အတွက် လိုအပ်တာဖြည့်ဆည်းပေးရမယ်။ ကိုယ်တတ်နိုင်သလောက် ပြန်လုပ်ပေးမယ် ကိုယ်လုပ်ပေးနိုင်တဲ့ အတိုင်းအတာ ရောက်နေပြီ။ အဲဒါတော့ ပေါက်တဲ့အချိန်မှာ ဖြစ်ပေါ်တယ်” ဟု ကျပ်သိန်း ၁၅၀၀၀ စပ်တူ ထီပေါက်သူ ဦးအောင်ကိုဦးက ပြောသည်။

အောင်ဘာလေထီ ကျပ်သိန်း ၁၅၀၀၀ ဆုအား ပုသိမ်မြို့၊တက်ဆိပ်ရပ်၊ အမှတ် ၅ ရပ်ကွက်နေသူ မရီးနှင့်် မတ်တော်စပ်သူ နှစ်ယောက် မင်္ဂလာစုံတွဲထီ စပ်တူထိုးရာမှ ကံထူးခဲ့ခြင်း ဖြစ်သည်။

“ ထီက ဝါသနာပါတော့ လတိုင်းတော့ထိုးတယ်။ ဒီလိုပေါက်မယ်လိုလည်း မျှော်လင့်မထားဘူး။ ပေါက်တော့ လည်း ဝမ်းသာပါတယ်။ အခုမှ တစ်ခါပဲရတာပါ ။ ရတာလည်း ဆုကြီးဖြစ်နေတယ်” ဟု ထီပေါက်သူ ဦးအောင်ကိုဦးက ပြောသည်။

ထီစပ်တူထိုးသူ ဒေါ်ဝေဝေနိုင်က “ သူတို့ဆီမှာ စိတ်ချရတယ်လေ။  ခင်နေတော့ သူတို့ဆီမှာ ထိုးဖြစ်ပါတယ်၊ မတိုက်လည်း သူက လာ လာပြောတယ်။ ကျွန်မတို့ရှေ့မှာ လမ်းမကောင်းဘူးလေ။  အင်္ဂတေ ခင်းမယ်ပေါ့နော်။ ကိုယ်တွေးထားတယ် ဘုန်းကြီးကျောင်းမှာလည်း လိုအပ်တာဟာလေးပေါ့နော်။ လမ်းတွေပါတွေ ခင်းမယ်ပေါ့နော်။ လောလောဆယ်မှာတော့ ဝမ်းသာလို့ ဘာပြောလို့ ပြောရမှန်းမသိဘူး” ဟု ဆိုသည်။

ထီဆုအား မေ ၂ရက်နေ့ ညပိုင်း ထီပေါက်စဉ်နှင့်တိုက်ကြည့်ရာမှ သိရှိခဲ့ခြင်း ဖြစ်ပြီး ထီထိုးသူနှင့်ရောင်းချသူတို့ တိုက်ကြည့်ရာမှ သိရှိခဲ့ခြင်းဖြစ်သည်။

ထီရောင်းချသူ ဦးသန်းထိုက်အောင်က "၂ ရက်နေ့မှ သိတယ်။ ဘယ်လိုသိလဲဆို လယ်ဂျာ( စာရင်း) မသွင်းလိုက်ရဘူး။ ထီထိုးတဲ့သူက ရင်းနှီးနေတော့ အသည်းအသန်ယူသွားတော့ လယ်ဂျာ မသွင်းလိုက်ရဘူး၊ သူတို့ အိမ်ကိုလာတဲ့အချိန်မှာ ထီပေါက်စဉ်နဲ့တိုက်တဲ့အချိန်မှာ သိန်းတစ်သောင်းခွဲပေါက်တာ သိရတယ်။ အဲဒါကြောင့် နောက်ကျသွားတာ”ဟု ပြောသည်။

၃ ကြိမ်မြောက် အောင်ဘာလေထီ သိန်း တစ်သောင်းခွဲ ထီကံထူးသူ ၂ ဦးမှာ ပုသိမ်မြို့ နေထိုင်သော ဆိုင်ကယ်ကယ်ရီဆွဲသူနှင့် စက်ချုပ်ဒီဇိုင်နာတို က ကံထူးခဲ့ကြခြင်းဖြစ်ကာ  ပြီးခဲ့သည့် ၂ ကြိမ်မြောက်က ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှ ဆွတ်ခူးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly