နွေပူပူမှာ သောက်ပေးသင့်တဲ့ဖျော်ရည်လေးတွေ

နွေပူပူမှာ သောက်ပေးသင့်တဲ့ဖျော်ရည်လေးတွေ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဟူး…… ပူလိုက်တာနော်။ အေးအေးလေးတစ်ခုလောက်သောက်ချင်တယ်။ အချိုရည်တွေလည်း မသောက်ချင်ဘူး။ သောက်လိုက်ရင် ရင်ထဲအေးသွားပြီး ခံတွင်းရှင်းစေတဲ့ ချိုချိုအေးအေးလေးသောက်ချင်တယ်ဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ နွေပူပူမှာ ကျန်းမာရေးအတွက်လည်းအထောက်အကူပြု အရသာလည်းရှိတဲ့ ဖျော်ရည်လေးတွေအကြောင်း ပြောပြမယ်နော်။
နွေရာသီမှာ ရင်အေးစေမယ့် သဘာဝဖျော်ရည်တွေ

သံပရာရည်

သွေးတိုးကျစေနိုင်သလို အမောလည်းပြေစေပါတယ် နွေအပူကြောင့် ခေါင်းမူးခေါင်းကိုက်ဖြစ်တာကို ပါသက်သာစေမှာပါ။ သံပရာသီးစစ်စစ်လေးကို သကြား၊ဆား၊ သောက်ရေအေးအေးလေးနဲ့ ဖောျ်လိုက်ရုံပါ။ ဗီတာမင် စီ (ဗီတာမင် C) ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေမှာပါနော်။

ဖရဲသီးဖျော်ရည်

နွေရာသီနဲ့ အသင့်တော်ဖျော်ရည်လေးတစ်ခုပေါ့။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုတောင် ဖယ်ရှားပေးနိုင်ပါသေးတယ်နော်။ ဒါကြောင့် ဖရဲသီးကို သကြားလေးနဲ့ ခေါက်ဖျော်ပြီး အေးအေးလေးသောက်ပေးနော်။ ဆီးချိုရှိသူတွေအတွက်လည်း သင့်တော်တဲ့ ဖျော်ရည်လေးတစ်ခုပါ။ ဆီးချိုရှိတယ်ဆိုရင်တော့ အချိုလျှော့ပေါ့နော်။

သရက်သီးဖျော်ရည်

သရက်သီးမှည့်လေးကို ကြိတ်ခြေပြီး သစ်သီးဖျော်ရည်စစ်စစ်လေးသောက်ပေးတာကလည်း နွေရာသီနဲ့ သင့်တော်တဲ့ ဓာတ်စာစ်ခုပါ။ အသားအရေကိုကျန်းမာစေသလို သွေးတွင်းကိုလက်စထရောကို ကျစေပြီး ကင်ဆာတိုက်ဖျက်ပေးနိုင်စွမး်လည်းရှိပါတယ်။

သင်္ဘောသီးဖျော်ရည်

ပင်မှည့်သဘောင်္သီးစစ်စစ်လေးကို သကြားနည်းနည်း ဆားနည်းနည်းနဲ့ ခေါက်ဖျော်ပြီး သောက်ပေးတာက ရင်အေးစေသလို ဝမ်းမှန်စေဖို့လည်း အထောက်အကူပြုပါတယ်။ ကလေးကစလို့ လူကြီးတွေအထိ သောက်သုံးလို့ရပါတယ်နော်။

လိမ္မော်သီးဖျော်ရည်

လိမ္မော်သီး လတ်လတ်ဆတ်ဆတ်လေးကို အရည်ညှစ်လို့ သောက်သုံးပေးမယ်ဆိုရင် သွေးတိုးကျစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေမှာပါ။ ကိုယ်ခံအားလညး်ကောင်းစေလို့ နွေပူပူမှာ အမောပြေစေမှာ အသေအချာပါနော်။

ကြံရည်

နွေရာသီရဲ့ trademark တစ်ခုပါ ခန္ဓာကိုယ်ကို အင်အားတိုးစေနိုင်တာကြောင့် နွေရာသီမှာ ကြံရည်ထက်ကောင်းတဲ့ ဖျော်ရည်က မရှိသလောက်ပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ဂလူးကို့စ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ကျန်းမာအောင်လုပ်ဆောင်ပေးနိုင်မှာပါနော်။

အုန်းစိမ်းရည်

သဘာဝရဲ့ ဖျော်ရည်စစ်စစ်တစ်ခုပါ။ နွေအပူဒဏ်ကြောင့်ဖြစ်တဲ့ ရောဂါတော်တေ်ာများများကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုကောင်းစေသလို အသားအရေကို ကြည်လင်စေမှာပါ။

စတော်ဘယ်ရီဖျော်ရည်

အရသာလည်းရှိ၊ စိတ်ကျေနပ်မှုလည်းရစေတဲ့ နွေလယ်သောက်စရာလေးတစ်ခုပါနော်။ ဗီတာမင် စီ (ဗီတာမင် C) ကြွယ်ဝစွာပါဝင်သလို အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်မှာပါနော်။

ခရမ်းချဉ်သီးဖျော်ရည်

နွေပူပူမှာ ခရမ်းချဉ်သီးဖျော်ရည်လေးသောက်ရတာကလည်း ခံတွင်းရှင်းပြီးခေါင်းကြည်စေပါတယ်နော်။ အပူဒဏ်ကြောင့် မဲသွားတဲ့ အသားအရေတွေအတွက်လည်း အားဖြည့်ပြီးသားဖြစ်တာပေါ့။ ရေဓာတ်ဖြည့်ပေးတဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေပါဖယ်ရှားပေးသေးတယ်ဆိုတော့ ဘယ်လောက်တောင် အဆင်ပြေလိုက်လဲနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly