ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
ဆေးလိပ်က အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို မြင့်တက်စေတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဆေးလိပ်က အဆုတ်ကင်ဆာဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းဖြစ်စေတတ်တယ်ဆိုပေမယ့် အဆုတ်ကင်ဆာဖြစ်သူတိုင်းက ဆေးလိပ် သောက်တတ်တဲ့သူတွေ မဟုတ်ကြပါဘူး။ ဆေးလိပ်ကြောင့် မဟုတ်ဘဲ အဆုတ်ကင်ဆာဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေ အများကြီးရှိပါသေးတယ်။ ။
လူနည်းစုလောက်ကပဲ ဆေးလိပ်သောက်ကြပေမယ့် ဆေးလိပ်မသောက်တဲ့အခြားသူတွေ အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့လူ ၂၀ ရာခိုင်နှုန်းလောက်က ဆေးလိပ်မသောက်တဲ့သူတွေပါ။
အဆုတ်ကင်ဆာ ၃ မျိုးရှိပါတယ် ။ ။
squamous cell lung cancers- ဆေးလိပ်သောက်သူတွေမှာ တွေ့ရတဲ့ အဆုတ်ကင်ဆာ
adenocarcinomas – ဆေးလိပ်မသောက်သူတွေမှာ တွေ့ရတဲ့ အဆုတ်ကင်ဆာ
Squamous cell lung cancers – လေပြွန်တွေမှာဖြစ်တဲ့ကင်ဆာဖြစ်ပြီး အစောဆုံးတွေ့ရတဲ့ လက္ခဏာတွေကတော့ ချောင်ဆိုးတာ၊ ချောင်းဆိုးသွေးပါတာ ဖြစ်ပါတယ်။
Adenocarcinomas – အဆုတ်အပြင်ပိုင်းမှာဖြစ်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး လက္ခဏာမပြဘဲ အကြာကြီးရှိနေတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အသက်ရှူရကြပ်တာ၊ မောပန်းတာတွေအပြင် ကင်ဆာပြန့်သွားတဲ့နေရာ( အရိုးတို့ ၊ ဥ ီးနှောက်တို့) မှာ ဝေဒနာခံစားရတာ ဖြစ်ပါတယ်။
Bronchoalveolar carcinoma – adenocarcinoma အောက်က အုပ်စုခွဲ တစ်ခုဖြစ်ပြီး ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေမှာ အတွေ့များတဲ့ ကင်ဆာတစ်ခုပါ။
ဆေးလိပ်မသောက်ပေမယ့် အဆုတ်ကင်ဆာဖြစ်စေနိုင်သည့် အကြောင်းများ ။ ။
တစ်ဆင့်ခံဆေးလိပ်သောက်ခြင်း – ဆေးလိပ်ကို ကိုယ်တိုင်ဖွာတာမဟုတ်ပေမယ့် ဆေးလိပ်သောက်တဲ့သူနားမှာနေပြီး တစ်ဆင်ခံဆေးလိပ်ငွေ့ရှူရှိုက်တဲ့သူတွေဟာ ဆေးလိပ်ငွေ့ နဲ့မထိတွေ့တဲ့သူတွေထက် ၂၄ ရာခိုင်နှုန်းပိုပြီး ကင်ဆာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
မြေဆီလွှာဆီကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေဟာလည်း အဆုတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
Asbestos exposure – ကျောက်ဂွမ်းနဲ့ထိတွေ့ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ mesothelioma လို့ခေါ်တဲ့ အဆုတ်အပြင်လွှာ ကင်ဆာဖြစ်တတ်ပါတယ်။
ဆီကြော်ကနေထွက်တဲ့ အညှော်နံ့တွေ – အကြော်ကြော်ရာကနေ ထွက်လာတဲ့ အညှော်နံ့ကလည်း အဆုတ်ကင်ဆာကိုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။
အဆုတ်ကင်ဆာက မျိုးရိုးုလိုက်တဲ့ ကင်ဆာတစ်ခုဖြစ်တာကြောင့် အဆုတ်ကင်ဆာ မျိုးရိုးရှိရင်လည်း ကင်ဆာဖြစ်တတ်ပါတယ်။
လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာနေရတဲ့သူတွေဟာလည်း ဆေးလိပ်မသောက်ဘဲနဲ့လည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေများပါတယ် ။ ။
ဒါဆို အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို ဘယ်လို လျှော့ချကြမလဲ ။ ။
အိမ်မှာ အပင်လေးတွေ စိုက်ပါ။ အပင်လေးတွေက အိမ်ပတ်ဝန်းကျင်က လေထုညစ်ညမ်းမှုကို သန့်စင်ပေးပါလိမ့်မယ်။
ဆေးလိပ်သောက်တဲ့သူတွေ့ရင် သူတို့အနားလုံးဝမ သွားပါနဲ့။
ကျောက်ဂွမ်းတို့၊ ဓာတ်မြေသြဇာတို့နဲ့ ထိတွေ့နေရတဲ့ အလုပ်လုပ်နေရရင်လည်း နှာခေါင်းစည်းလိုမျိုး အကာအကွယ် တပ်ပြီးမှ ထိတွေ့ကိုင်တွယ်သင့်ပါတယ်။
မျိုးရိုးထဲ အဆုတ်ကင်ဆာ ဖြစ်ဖူးသူရှိခဲ့ရင် တစ်နှစ်တစ်ခါလောက် ဆေးစစ်ပြီး မိမိမှာ အဆုတ်ကင်ဆာ ရှိမရှိ စစ်ဆေးပါ။