အရိုးဖွဲ့စည်းမှုတစ်ခုရဲ့မပါမဖြစ် အရွတ်တွဲ( Ligaments) နဲ့ အရွတ်( tendon ) ဘာကွာခြားလဲ

အရိုးဖွဲ့စည်းမှုတစ်ခုရဲ့မပါမဖြစ် အရွတ်တွဲ( Ligaments) နဲ့ အရွတ်( tendon ) ဘာကွာခြားလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    

ကိုယ်ခန္ဓာတစ်ခုရဲ့ အရိုးဖွဲ့စည်းမှု စနစ်လို့ဆိုလိုက်တာနဲ့ အရွတ်တွဲနဲ့ အရွတ်ကို ချန်ခဲ့လို့မရပါဘူး။ အရွတ်တွဲ ( Ligaments) ဆိုတာ အရိုးအချင်းချင်းဆက်ပေးတာဖြစ်ပြီး အရွတ် ( tendon ) ကတော့ အရိုးနဲ့ ကြွက်သားကိုဆက်ပေးတဲ့ အရာဖြစ်ပါတယ်။ သူတို့နှစ်ခုလုံးကို fibrous connective tissue လို့ခေါ်တဲ့ ကော်လာဂျင်အလွှာထူထူကြီးတွေနဲ့ သိပ်သည်းစွာ ဖွဲ့စည်းထားတာပါ။

collagenous tissues တွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားက ကောင်းနေပေမယ့် အရွတ်တွေအပေါ် ပြင်းထန်တဲ့ ထိခို်က်မှုတစ်ခုခု ရှိခဲ့မယ်ဆိုရင်တော့ အရွတ်ပြဲတာ၊ အရွတ်စုတ်တာလိုမျိုး ဒဏ်တွေ ဖြစ်သွားနိုင်ပါတယ်။
အရွတ်တွဲနဲ့  အရွတ် ဘာကွာခြားလဲ ။ ။
အရွတ်တွဲ ( Ligaments)

အရွတ်တွဲတွေဆိုတာ အရိုးတစ်ခုနဲ့ တစ်ခုကြားက အဆစ်ထဲမှာ အရိုးတွေကိုဆက်ပေးထားတဲ့ အရွတ်တွဲဖြစ်ပါတယ်။ ဒါ့ကြောင့်  အရွတ်တွဲကျန်းမာနေမှ အဆစ်အမြစ်တွေ လှုပ်ရှားရတာ လွယ်ကူချောမွေ့မှာပါ။ အဆစ်တွေကို အားပြုသုံးတဲ့ အပေါ်မှာ မူတည်ပြီး အရွတ်တွဲ တွေရဲ့ ပုံသဏ္ဍန်နဲ့ အရွယ်အစားတွေ ကွဲပြားသွားပါတယ်။
အရွတ် ( Tendons)

အရွတ်ဆိုတာ ကြွက်သားနဲ့ အရိုးကြားကို ဆက်သွယ်ပေးထားတဲ့အရာတစ်ခုပါ။ သူ့ရဲ့တာဝန်ကတော့ ကြွက်သားက ထုတ်လိုက်တဲ့ အင်အားကို အရိုးဆီကို လွှဲပြောင်းပေးရတဲ့ တာဝန်ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် အရိုးတွေရဲ့ လှုပ်ရှားနိုင်အား တာဝန်ယူရတဲ့ အရွတ်ပါ။
သူတို့တွေလည်း ဒဏ်ရာရတတ်ပါတယ် ။ ။

ကိုယ်ခန္ဓာပေါ်က အရာတွေအားလုံး မနိုင်ဝန်ထမ်းရတဲ့အခါမှာ ဒဏ်ဖြစ်တတ်တာ သဘာဝပါ။ ဒီလိုပဲ အရွတ်တွဲတို့ အရွတ်တို့ဟာ တစ်ရှူးဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာကြောင့်  သူတို့အားနဲ့ မမျှတဲ့အရာတွေ လုပ်ဆောင်ရတဲ့အခါ ဒဏ်ရာရပြီး စုတ်ပြဲလေ့ရှိပါတယ်။

အရွတ်တွဲ စုတ်ပြဲခြင်း – အရွတ်တွဲစုတ်ပြဲတဲ့ ဒဏ်ရာဟာ ခြေကျင်းဝတ်နဲ့ လက်ကောက်ဝတ်မှာ အများဆုံး ဖြစ်တတ်ပါတယ်။ ခြေချော်ပြီးခေါက်လဲတာတို့၊ အလေးအပင်မလိုက်တဲ့အခါ ဒဏ်ဖြစ်သွားတာမျိုးပါ။ ဒီလို အရွတ်တွဲစုတ်ပြဲသွားတဲ့အခါ အနာပြန်ကျက်ဖို့အတွက် အဆင့် ၃ ဆင့် ရှိပါတယ်။

    ပထမ အဆင့် – ပြဲသွားတဲ့နေရာမှာ သွေးတွေထွက်လာပြီး သွေးခဲခြင်းစတင်ပါတယ်။ စုတ်ပြဲသွားတဲ့ ဒဏ်ကြောင့် တစ်ရှူးတွေ ရောင်ရမ်းခြင်းလည်း ဖြစ်လာပါတယ်။
    ဒုတိယအဆင့် – inorganic salts, primarily hydroxyapatite and some calcium carbonate, and collagen fiber တို့နဲ့ ဖွဲ့စည်းထားတဲ့ matrix ရယ်၊ ကော်လာဂျင် အရွတ် တစ်ရှူးတွေရယ် ပွားလာပါတယ်။
    နောက်ဆုံး အဆင့်မှာတော့ – matrix ဟာ နဂိုမူလပုံစံဖြစ်အောင် remodeling  သူ့ဘာသာ ပြန်ဖန်တီးယူပါတယ်။ ဒီအဆင့်ကနေ အကောင်းအတိုင်းပြန်ဖြစ်ဖို့ အချိန်တစ်ခုတော့ ယူရပါတယ်။

အရွတ်စုတ်ပြဲခြင်း – အပေါ်မှာပြောခဲ့တဲ့ အတိုင်းပါပဲ။ အရွတ်ဟာ သူမနိုင်တဲ့ဝန်ကို ထမ်းရတဲ့အခါ စုတ်ပြဲတဲ့ ဒဏ်ရာတွေရတတ်ပါတယ်။ ဒီလို အရွတ်စုတ်ပြဲတဲ့ ဒဏ်ရာဟာ ရုတ်တရက်ကြီးဖြစ်လာနိုင်သလို တဖြည်းဖြည်းနဲ့ ဒဏ်ပိပြီးမှ စုတ်ပြဲတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အရွတ်တွဲလိုပဲ အရွတ်ကလည်း စုတ်ပြဲတဲ့ ဒဏ်ရာပြန်ကျက်ဖို့အတွက် အဆင့် ၃ ဆင့်လိုပါတယ်။

    ပထမ အဆင့် – စုတ်ပြဲသွားတဲ့နေရာမှာ ရောင်ရမ်းခြင်းတွေစတင်ဖြစ်လားပြီး အနာကျက်ခြင်းကို အားပေးဖို့အတွက် သွေးကြောအသစ်လေးတွေ နဲ့ ကော်လာဂျင် တစ်ရှူးအသစ်တွေ အဲဒီနေရာမှာ စပေါ်လာပါတယ်။
    ဒုတိယအဆင့် – အရွတ်ကိို ဖွဲ့စည်းထားတဲ့ reticular fibersတွေ အများကြီးစုလာပြီး
    နောက်ဆုံးအဆင့်မှာတော့ နဂိုအတိုင်းဖြစ်အောင် remodeling  ပြန်လည်ပုံသွင်း အချောသတ်တဲ့ ဖြစ်စဉ်လာပါတယ်။ အသစ်ပေါ်လာတဲ့ ဆဲလ်လေးတွေဟာ fibrous tissue တွေ အဖြစ်ပြောင်းလဲသွားပြီး နောက်ပိုင်း scar-like tendon tissue လို့ခေါ်တဲ့အမာရွတ် တွေရှိတဲ့ အရွတ်အဖြစ် ပြောင်းလဲဖွဲ့စည်းပါတယ်။

ဒါတွေကတော့ အရိုးနဲ့ ကြွက်သားဖွဲ့စည်းမှု ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ၂ ခုဖြစ်တဲ့ အရွတ်တွဲ နဲ့  အရွတ်အကြောင်း သေချာရှင်းပြထားတာပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင်သူတို့ရဲ့ အရေးပါပုံကို မသိပေမယ့် သူတို့ဒဏ်ဖြစ်တဲ့အခါကျ တော့ လမ်းလျှောက်တာ၊ လှုပ်ရပြုရတာ အင်မတန်မှ အခက်တွေ့ပါတယ်။ဒါ့ကြောင့် အရိုးနဲ့အဆစ်တွေရဲ့ လှုပ်ရှားမှုချောမွေ့အောင် ပြုလုပ်ပေးတဲ့ အရွတ်နဲ့ အရွတ်တွဲတို့ရဲ့ ကျန်းမာရေးကို သေချာစောင့်ရှောက်ဖို့ အရေးကြီးတာပါ ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly