ဝါးခယ်မ ကျွန်းကုန်းတံတား ယာဉ်/ကုန် တန်ချိန် သတ်မှတ်ထားမှုအပေါ် မေးခွန်းထုတ်

ဝါးခယ်မ ကျွန်းကုန်းတံတား ယာဉ်/ကုန် တန်ချိန် သတ်မှတ်ထားမှုအပေါ် မေးခွန်းထုတ်

ပုသိမ်၊ ဧပြီ ၈ ။     ။ ဝါးခယ်မမြို့နယ် ကျွန်းကုန်းကြိုးတံတား ကုန်ယာဉ်တန်သတ်မှတ်မှုနှင့်ပတ်သက်ပြီး ဝါးခယ်မမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက တိုင်းအစိုးရအဖွဲ့အား မေးခွန်းထုတ်လိုက်သည်။

“ရွှေလောင်းဇက်ဆိပ်ကို ပုဂ္ဂလိက တင်ဒါပေးပြီး ဆောင်ရွက်ခြင်းဟာ တင်ဒါအောင်မြင်သူအတွက်ဝင်ငွေ ပိုမိုရဖို့ရည်ရွယ်ပြီး ကားတွေကို အခက်အခဲအကြပ်အတည်းဖြစ်အောင် ခွင်ဖန်ဆောင်ရွက်တဲ့ဆိုတဲ့ ပြောကြား ချက်တွေကလည်းထည့်သွင်းစဉ်းစားစရာအချက်တစ်ချက်ဖြစ်ပါတယ်။ ကျွန်းကုန်းတံတားကို အသုံးပြုသူ အများစုကလည်း အခက်အခဲဖြစ်ပေါ်နေကြောင်းပြောကြားလာကြတာကြောင့် ကျွန်းကုန်းတံတားခံနိုင်ဝန်ကို ပြန်လည်သုံးသပ်ဆုံးဖြတ်ပေးစေလိုတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ႕ အနေဖြင့် မည်သို ့ဆောင်ရွက် ပေးမည်ကို ဖြေကြားပေးပါ”ဟု ၀ါးခယ်မမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောသည်။

ဧပြီလ၈ရက်နေ့ကပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁ရကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဒေါ်မြင့်မြင့်စန်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၀ါးခယ်မမြို့နယ် ကျွန်းကုန်းတံတား၏ တံတားခံနိုင်ဝန်ကို ယာဉ်အပေါင်းကုန်၈တန်သာ ခွင့်ပြု ထားကြောင်း ညွန်ကြားရေးမှူးမြို့ပြမှ ၀ါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူးထံသို႔ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အကြောင်းပြန်ထားသော်လည်း ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ပြုလုပ်သည့် မြို့နယ်စီမံခန့်ခွဲရေး အစည်းအဝေးတွင် ယာဉ်အပေါင်းကုန် ၆တန်သာ ခွင့်ပြုသင့်ကြောင်း ခရိုင်သို ့တင်ပြရန် ဆုံးဖြတ်ခဲ့သည်ဟု ဒေါ်မြင့်မြင့်စန်းက ထည့်သွင်းပြောဆိုခဲ့သည်။

“ကျွန်းကုန်းတံတာ ရေရှည်တည်တ့ံခိုင်မြဲရေးအတွက် မြို့နယ်စီမံခန် ့ခွဲမှုကော်မတီအစည်းအဝေး ဆုံးဖြတ် ချက်အား တိုင်းဒေသကြီးအစိုးရသို ့တင်ပြပြီး ယာဉ်ပေါင်းကုန် ၆တန်အထိသာ ဖြတ်သန်းသွားလာဖို့ ဆုံးဖြတ် ထားပါတယ်။ ကိုယ်စားလှယ်တော်ကြီးတင်ပြချက်အား တံတားဦးစီးနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ၄င်း တံတားစစ်ဆေးသူများပြန်လည်ပြုလုပ်ပြီးပါက ဖြတ်သန်းသွားလာမည့် ယာဉ်အပေါင်းကုန် သတ်မှတ်ချက်အား အများပြည်သူသိရှိစေရန် ပြန်လည်ထုတ်ပြန်ပေးသွားပါမယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

၀ါးခယ်မမြို့နယ်ရှိ ရွှေလောင်းကြိုးတံတားနှင့် ၀ါးခယ်မကြိုးတံတားတို့ကို လက်ရှိတွင် ပြန်လည် ပြင်ဆင် တည်ဆောက်နေကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required