ရန်ကုန် ဒုတိယမြို့တော်ဝန် အဖြစ် ဦးစိုးလွင် ရွေးချယ်ခံရ

ရန်ကုန် ဒုတိယမြို့တော်ဝန် အဖြစ် ဦးစိုးလွင် ရွေးချယ်ခံရ
 ဓာတ်ပုံ - ကိုမျိုး

ရန်ကုန် ၊ ဧပြီ ၈ ။     ။ စည်ပင်သာယာ ရွေးကောက်ခံ ကော်မတီဝင် တစ်ဦးဖြစ်သည့်  ဦးစိုးလွင်ကို ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်ခန့်အပ်လိုက်သည်။

အစိုးရက တာဝန်ပေးခန့်အပ်ထားသည့် ကော်မတီ ဝင် ၅ ဦး နှင့် စည်ပင်သာယာရွေးကောက်ပွဲ၌ အရွေးချယ်ခံ ခဲ့ရသည့် ကော်မတီဝင် ၆ ဦး စုစုပေါင်း ၁၁ ဦးက (ယနေ့)ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် လျှို့ဝှက် ဆန္ဒမဲပေးပြီး ရွေးချယ်လိုက်ခြင်းလည်း ဖြစ်သည်။

ဆန္ဒမဲ ၁၁ မဲအနက် ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးစိုးလွင်သည် မဲအရေအတွက် ၆ မဲဖြင့် ရွေးချယ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးစိုးလွင်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အမှတ်(၃) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အဓိက ယှဉ်ပြိုင်ဘက်များ ဖြစ်သည့် လူငယ်ပညာရှင် တစ်ဦးဖြစ်သည့် ဦးအောင်ခန့် ၊ အလှမယ် ထက်ထက်ထွန်း ၊ ဇောတိက ဦးခင်လှိုင် အစရှိသူတို့ကို ဆန္ဒမဲ ၂၈၇၈ဝဖြင့် ကျော်ဖြတ် အနိုင်ရခဲ့သူလည်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး NLD ပါတီမှ ၄၂ ဦး၊ USDP ၂၇ ဦးနှင့် တစ်သီးပုဂ္ဂလပါဝင်ယှဉ်ပြိုင်သူ ၂၀၆ ဦး စုစုပေါင်း ကိုယ်စားလှယ်၂၇၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly