ရန်ကုန်မြို့ဘဏ်လမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်တွင် Yangon Weekend Market ညစျေး ဖွင့်လှစ်မည်

ရန်ကုန်မြို့ဘဏ်လမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်တွင် Yangon Weekend Market ညစျေး ဖွင့်လှစ်မည်
ဓာတ်ပုံ-ထွန်းထွန်းဝင်း

ရန်ကုန်၊ ဧပြီလ ၅ ။      ။ ရန်ကုန်မြို့ဘဏ်လမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်တွင် Yangon Weekend Market ညစျေးကို တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညစျေးကို မေလ ၄ ရက်နေ့ နှင့် ၅ ရက်နေ့ (စနေ့၊တနင်္ဂနွေ) ၂ ရက်တွင် နိုင်ငံခြားခရီးသွားများအတွက် ရည်ရွယ်၍စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ  နှင့် တင်ဒါအောင်မြင်ခဲ့သည့် Golden Market Myanmar ကုမ္ပဏီတို့က သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ စကိုင်းစတားဟိုတယ်တွင် ဧပြီ ၅ ရက်က ပြုလုပ်ခဲ့သည်။

" ရည်ရွယ်ချက်တွေအများကြီးရှိပါတယ်။ ရန်ကုန်မြို့ကြီး မှာလိုအပ်တဲ့ပြည်တွင်းမှာ ရှိတဲ့ မြို့သူမြို့သားတွေ အားလုံးအတွက်ရော နောက် နိုင်ငံတကာကလာမယ့် ဧည်သည်တွေရော အကုန်လုံးအဆင်ပြေမယ့် အဆင့် အတန်းမီမယ့် လိုအပ်တာတွေကိုပံ့ပိုးပေးနိုင်မယ့် နောက် ပြည်တွင်းထုတ်ကုန်တွေကိုလည်း အထူးနှုန်းထားများ ပေးနိုင်မယ်။ ဒေသထွက်ကုန်တွေ ၊တိုင်းရင်းသားအစားစာတွေ ၊ ရောင်းချနိုင်မယ့်စျေးကို ကျွန်မတို့က ညွှန်ပြ ပေးခဲ့ပါတယ်။ အခု Yangon Weekend Market ပန်းဆိုးတန်း ဆိုပြီး ထွက်လာပါတယ်။ နောက်ဆိုရင်လည်း Weekend Market တွေကိုသင့်တော်တဲ့နေရာတွေ သင့်တော်တဲ့အချိန်တွေမှ အကောင်ထည် ဖော်သွားဖို့ ရှိပါတယ် "ဟု  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဥၨာမျိုး က ပြောသည်။

Yangon Weekend Market ပန်းဆိုးတန်း ညစျေးအတွက် စျေးခန်းများကို ဧပြီလ ၆ ရက်နေ့မှ စတင်ကာ လက်ခံမည်ဟု သိရပြီး ၁ဝပေ ပတ်လည် ဆိုင်ခန်း တစ်ခန်းအတွက် တစ်နေ့လျှင် ကျပ် ၂သောင်းခွဲ နှုန်း ပေးသွင်းရမည်ဟု သိရသည်။

ထို့အပြင် အဆိုပါစျေးကို  နံနက်ပိုင်း နှင့် ညပိုင်းဟူ၍ နှစ်ပိုင်းခွဲထားပြီး  နံနက်ပိုင်းအတွက် ဆိုင်ခန်းခမှာ ကျပ်ငွေ၁သောင်း ကျသင့်မည်ဟု သိရပြီး ညပိုင်းအတွက် ဆိုင်ခန်းခမှာ ကျပ်ငွေ ၁သောင်း၅ထောင် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

" ဒီစီမံကိန်းကို စတင်လုပ်ဆောင်တဲ့အချိန်မှာ အစိုးရက ဇီရိုး ဘတ်ဂျက်ပါ။ ဘာမှစိုက်ထုတ်ထားတာမရှိပါဘူး။ ဒါကိုလုပ်ပိုင်ခွင့်ပေးလိုက်လို့အစိုးရ အနေနဲ့ ပြန်လည်ရရှိတဲ့နေရာမှ ၂ ပိုင်း ရှိပါတယ်။ စည်ပင်သာယာ နဲ့ ပတ်သက်တဲ့ သက်ဆိုင်တဲ့အခွန်ခ အားလုံးကို စည်ပင်သာယာကိုပေးသွင်းရမှဖြစ်ပါတယ်။ ဒီလုပ်ပိုင်ခွင့်ကို ရရှိသွားတဲ့အတွက် ရရှိသွားတဲ့ နှုန်းထားစျေးနှုန်းရှိပါတယ် အဲဒါက တင်ဒါစျေးနှုန်းပါ။ သူတို့လည်း တော်တော် များများပေးထားပါတယ်။ ကျပ်သိန်း၃ရာကျော် ပေးထားပါတယ်။ ကြော်ငြာထဲက ရမယ့်ဝင်ငွေတွေ လျော်ပေး ထားပါတယ်။ ဒီရလာတဲ့ပိုက်ဆံတွေကို ဘယ်လို အသုံးပြုမလဲဆိုတော့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပာုိတယ် ညီနောင် ၁၁ သင်း ရှိပါတယ်။ ရန်ကုန်ထဲမှဆို အကောင်ထည် ဖော်ရေး ကော်မတီရှိပါတယ်။ အကောင်ထည် ဖော်ရေးကော်မတီ နဲ့ပဲ စာချုပ် ချုပ်ပြီးတော့ ရရှိလာတဲ့ ဝင်ငွေကို အကောင်ထည်ဖော်ရေး ကော်မတီက ဘဏ္ဍာငွေကို ထိန်းသိမ်းထားမှာဖြစ်ပြီး ရန်ကုန် ရဲ့ Tourism ရံပုံငွေ အဖြစ်ပြန်သုံးမှ ဖြစ်ပါတယ် " ပာု ဒေါ်နော်ပန်းသဥ္ဇာမျိုး က ပြောသည်။

 Yangon Weekend Market ကိုတင်ဒါအောင်မြင်သည့် Golden Market Myanmar ကုမ္ပဏီသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရကို ၁ နှစ်တာအတွက် ကျပ်သိန်း၃ရာကျော်  ငှားရမ်းခ၊ အခွန်ခပေးဆောင် ကာ  ငှားရမ်းထားခြင်း ဖြစ်ပြီး တစ်လ လျှင် စနေ ၊ တနင်္ဂနွေ  ၂ ရက်သာ ဖွင့်လှစ်ရောင်းချသွားမည် ပာု သိရသည်။

အဆိုပါ Yangon Weekend Market ပန်းဆိုးတန်း ညစျေးတွင် အဖျော်ယမကာ ၊ ဝိုင် အစရှိသော ဆိုင်ခန်းများ အပြင် စားသောက်ဆိုင်များ ၊ မြန်မာရိုးရာ ဆိုင်များ၊ တိုင်ရင်းသားရိုးရာအစားစာများ ၊ အနုပညာ လက်ရာများ ၊ ဒေသထွက် ပြည်တွင်းထုတ်ကုန်များကို ဆိုင်ခန်းပေါင်း ၇၈ ခန်းဖြင့် ဖွင့်လှစ်သွားမည်ပာု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly