ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်

ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်

ပုသိမ်၊ ဧပြီ ၃ ။     ။ ပြစ်မှုထင်ရှားပါက အနိမ့်ဆုံးထောင်ဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို  ပုသိမ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

“ ရာဇသတ်ပုဒ်မ ၄၀၉ နဲ႕ဖွင့်ထားတယ်။ မြို့မရဲစခန်းမှာ အစိုးရဝန်ထမ်း ငွေကြေးအလွဲသုံးစားမှုနဲ့ ဖွင့်ထားတာပါ ။ ရဲတပ်ဖွဲ ့အနေနဲ ့စစ်ဆေးဆောင်ရွက်နေတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက မဇ္စျိမသို႕ ပြောသည်။

ပုသိမ်မြို့မရဲစခန်း၌ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးမှာ ဒုတိယညွန်ကြားရေးမှူးက မတ် ၂၆ ရက်နေ့တွင် ရာဇဝတ်မကင်းသော ယုံကြည်ဖောက်ဖျက်မှုကို ကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၅၈၀ ဖြင့် လွှတ်တော်အတွက် ကား ၅ စီး ဝယ်ယူမှုနှင့် ပတ်သက်ပြီး ပြည်သူတစ်ဦးက ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကို NLD ပါတီသို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ တိုင်ကြားမှုအား စစ်ဆေးပြီးနောက်တွင် ပါတီမှ ထုတ်ပယ်ထားသည်။

ပါတီသို့ တိုင်ကြားခံထားရခြင်းဖြစ်ပြီး အဂတိမှ လာရောက်စစ်ဆေးသော်လည်း အဂတိ မမြောက်သောကြောင့် တည်ဆဲဥပဒေအရ စစ်ဆေးနေခြင်း ဖြစ်သည်။

“အဂတိ မမြောက်သော်လည်း ဌာနဆိုင်ရာအနေနဲ ့အခြားအကြောင်းကြောင့်နဲ့ အရေးယူနိုင်တဲ့  အနေ အထားတွေကိုတော့ သဘောပေါက်အောင် ဌာနအားလုံးကို ရှင်းပြထားတယ်။ အဲဒီပုံစံမှာပါပဲ။ အခု လွှတ်တော် ဒုဥက္ကဋ္ဌကိစ္စကို  အဂတိဥပဒေအရတော့ မမြောက်ဘူး။ သို့သော် တည်ဆဲဥပဒေအရ ညှိစွန်းတယ်လို့ ဝင်လာလို့ ကျွန်တော်တို့အနေနဲ ့ လုပ်ထုံးလုပ်နည်းနဲ ့အညီသွားရမယ်ဆိုတော့  ရုံးအဖွဲ့က ဒုညွန်ကြားရေးမှူးက တရားလိုအနေနဲ့ ရဲဆီမှာ အမှုဖွင့်ရတယ်။ ရဲက သူ့လုပ်ထုံးလုပ်နည်းနဲ့ စုံစမ်းမယ်စစ်ဆေးမယ်။ ပြီးတော့မှ တည်ဆဲဥပဒေတစ်ခုနဲ့ ငြိစွန်းတယ်လို ့ ရဲအနေနဲ့ယူဆရင်  တရားစွဲဆိုဖို့ ပြင်တာမျိုး ရှိနိုင်တယ်။ ရဲက လိုအပ်တာ စစ်ဆေးဖို ့ကျွန်တော် ခွင့်ပြုချက် တောင်းတယ်။ တောင်းလည်း ကျွန်တော်တို့က စစ်ဆေးခွင့်တော့ ပေးရမှာပဲ။ အမှု မြောက်၊ မမြောက်က ရဲကိစ္စဖြစ်သွားပြီ” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောသည်။

ဦးစံမင်းအောင်(ဘိုကလေးမြို့နယ်၊အမှတ်(၂)မဲဆန္ဒနယ်) သည် ဇန်နဝါရီ ၃၁ ရက်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဦးစံမင်းအောင်က “ ကျွန်တော် တိတိကျကျ သတင်းတော့ မသိသေးဘူးပေါ့၊ ဂျာနယ်ထဲမှာပါတဲ့ဟာ သိရတာ ရှိတယ်။ ဥပဒေနဲ့အညီပဲ ဖြေရှင်းဆောင်ရွက်သွားမယ်” ဟု ပြောသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ သည် ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးက ဖြစ်စေ၊ ကုန်သည်က ဖြစ်စေ၊ ကိုယ်စားလှယ်က ဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်ဖောက်ဖျက်မှုကို ကျူးလွန်ခြင်း ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်အထိ ဖြစ်စေ ချမှတ်ရမည့်အပြင်
ငွေဒဏ်လည်း ချမှတ်နိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required