လက်ရှိ ရဲဝန်ထမ်းများ၏ လုပ်ကိုင်ပုံကို မကြိုက်ပါက ရဲတပ်ဖွဲ့သို့ ကိုယ်တိုင်ဝင်ပြီး သန့်ရှင်းခိုင်မာအောင် လုပ်ပါဟု အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

လက်ရှိ ရဲဝန်ထမ်းများ၏ လုပ်ကိုင်ပုံကို မကြိုက်ပါက ရဲတပ်ဖွဲ့သို့ ကိုယ်တိုင်ဝင်ပြီး သန့်ရှင်းခိုင်မာအောင် လုပ်ပါဟု အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ပုသိမ်၊ ဧပြီ ၃ ။     ။ လက်ရှိ ရဲဝန်ထမ်းများ၏ လုပ်ပုံကိုင်ပုံကို မကြိုက်ပါက ရဲတပ်ဖွဲ့သို့ ကိုယ်တိုင်ဝင်ပြီး သန့်ရှင်းခိုင်မာအောင် လုပ်ပါဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းတွင် ဧပြီ ၂ရက်နေ့က ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နှစ်ပေါင်းများစွာ ကျွန်မတို႔ ရဲတပ်ဖွဲ႕ ဟာ ရှိသင့်တဲ့အဆင့်မှာမရှိခဲ့ပါဘူး။ဒါတွေကို ရှိအောင်လို့လည်း ကျွန်မတို ့ ကြိုးစားနေပါတယ်။ဒါကြောင့်မို႕ မှန်မှန်ကန်ကန်လုပ်ချင်တဲ ့ပြည်သူတွေလည်း ရဲထဲကိုဝင်ဖို့လည်း ကျွန်မက ဆော်အောချင်ပါတယ်။ ကိုယ်ကနေပြီးတော့ အခုလက်ရှိရဲတွေလုပ်ပုံကိုင်ပုံမကြိုက်လို႕ ရှိရင် ကိုယ်ကိုယ်တိုင် ဝင်ပြီးတော့ ဒီရဲတပ်ဖွဲ႕ ဟာပိုပြီးတော့ သန်႕ ရှင်းအောင် ပိုပြီးတော့ခိုင်မာအောင် ပိုပြီးတော့ ထိရောက်အောင် ဝိုင်းဝန်ပြီးတော့ ပံ့ပို႕ စေချင်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိမ်မဲ မြို့နယ်တွင် ပြုလုပ်သော လူထုတွေ႕ ဆုံပွဲတွင်ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ၂ရက်နေ႕ တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲ၊ ပန်းတနော်၊ မအူပင်နှင့် ညောင်တုန်းမြို့နယ်များသို႔ သွားရောက်ခဲ့ပြီး လူထုနှင့်တွေ႕ ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

“အားလုံးဟာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပိုပြီးတော့ လုပ်ပေးစေချင်ပါတယ်။ကျွန်မတို႕ ရဲတွေရယ် ဖြောင့်မတ် မှု အခြေအနေကို ပြည်သူလူထုကမကျေနပ်တာသိပါတယ်။ ဒါပေမယ့် ရဲတွေရဲ့သူတို႕ ရဲ့လခရရှိမှု၊ သူတို ့ရဲ့ ခံ စားပိုင်ခွင့် အခြေအနေကလည်း ကောင်းတာမဟုတ်ပါဘူး။ ဟိုဘက်ဒီဘက်ကြည့်ရမယ်။ ရဲတွေ မကောင်းဘူး ပဲမပြောပါဘူး။ မကောင်းဘူးဆိုရင် ဘာကြောင့်မကောင်းလည်းဆိုတဲ့ အဖြေကိုရှာရမယ်။ ရှာပြီးအခြေခံ ပြဿ နာကို ဖြေရှင်းရမှာပါ။ ရဲမို့လို လူကောင်းမဟုတ်ဘူးလို႕ သတ်မှတ်လို႔ မရပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ရွေးချယ်ခံပြီး တက်ရောက်လာသည့် အစိုးရအနေဖြင့် ပြည်သူလူထုအပေါ် မတည် နိုင်သည့် ကတိများကို မပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပြီး မတည်နိုင်သည့် ကတိများကို ရေတိုအတွက် ပေးမိပါက ရေရှည်တွင်ပြည်သူလူထုက အစိုးရအပေါ် ယုံကြည်မှု ဆုံးရှုံးသွားနိုင်ကြောင်း ပြောကြားခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly