အေးခဲထားသောအစားအစာများကိုစားသင့်သောအကြောင်းအချက် ၅ခု

အေးခဲထားသောအစားအစာများကိုစားသင့်သောအကြောင်းအချက် ၅ခု

ရေးသားသူ Dr. Ye Pyae Hein

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

   

လူအများစု၏စိတ်တွင် အေးခဲထားသောအစားအစာများသည် လတ်ဆတ်သောအစားအစာများလောက် မကောင်းဟုထင်နေတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာအေးခဲထားသောအစားအစာများသည် ကြာရှည်ခံထားရသည့်အတွက် အာဟာရတန်ဖိုးနည်းပါးသည်ဟုယုံကြည်နေခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် အာဟာရဓာတ်များ လုံးဝမပါတော့ဟုလည်းထင်တတ်ကြသည်။ အမှန်တော့ ထိုသည်မဟုတ်ပါ။ အေးခဲထားသောအစားအစာများကိုစားသုံးခြင်းဖြင့်လည်း

အကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။
အေးခဲထားသောအစားအစာများသည် အာဟာရဓာတ်ပြည့်ဝသည်

အေးခဲထားသောအစားအစာများကိုမူလကအာဟာရဓာတ်ပြည့်ဝ၍ အရသာအကောင်းဆုံးသောရင့်မှည့်ချိန်တွင် ရယူစုဆောင်းခူးဆွတ်ရသည်။ ထို့နောက်လယ်ကွင်းပြင်ထဲတွင် အေးခဲအောင်ထားရသည်။ ထို့ကြောင့်အခြားလတ်ဆတ်သောအသီးများနှင့် ကယ်လိုရီပါဝင်မှု ၊ အာဟာရတန်ဖိုးနှင့် ကျန်းမာရေးညီညွတ်မှုအတူတူပင်ဖြစ်သည်။ ငါးများဆိုလျှင် တစ်နေ့တည်းအတူတူဖမ်းမိတာချင်းတူလျှင်တောင် အေးခဲထားသောငါးကပို၍လတ်ဆတ်နေတတ်သည်။
အေးခဲထားသောအစားအစာများသည်အဆင်ပြေ၍အသုံးပြု၍လွယ်ကူသည်

အလုပ်တာဝန်များဖြင့်မအားလပ်နိုင်သူတို့အဖို့ အစားအစာပြင်ဆင်ချက်ပြုတ်ရန် အချိန်များစွာမပေးနိုင်ကြပေ။ အိမ်ရှင်မတို့အတွက် ဟင်းလျာများကိုခုတ်ထစ်၍ ငရုတ်ကောင်းနှင့်နယ်ရခြင်းမျိုးသည် အချိန်ကုန်လူပန်းဖြစ်စေတတ်သည်။ ထိုအခြေအနေမျိုးတွင် အေးခဲထားသောအစားအစာများကအတော်အဆင်ပြေသည်။ ကျန်းမာရေးနှင့်ညီညွတ်အောင်ထုတ်ပိုးထားပြီးအသင့်စားသုံးရန်ပြင်ဆင်ထားသောကြောင့်ဖြစ်ပါသည်။
အေးခဲထားသောအစားအစာများသည်စီးပွားရေးအရတွက်ခြေကိုက်သည်

အေးခဲထားသောအစားအစာများသည် စားသုံးသူ၏လိုအပ်ချက်အပေါ်မူတည်ပြီးအရည်အသွေးပြည့်မီ အောင်ပြင်ဆင်ထားခြင်းဖြစ်ရာအနည်းငယ်စားပြီးမှမကုန်လျှင် ကျန်တာကိုရေခဲသေတ္တာထဲထည့်၍နောက်တစ်ကြိမ်ပြန်လည်စားသုံး၍ရသည်။

သို့သော်လတ်လတ်ဆတ်ဆတ်ရသောအစားအစာများကတော့သင့်တော်သောအချိန်တွင် စား၍မကုန်လျှင် စွန့်ပစ်ရမည်ဖြစ်သည်။ ထိုအခြေအနေနှစ်ရပ်တွင်အေးခဲထားသောအစားအစာများကလေလွင့်စွန့်ပစ်ရခြင်းမျိုးမရှိသည့်အတွက် အကုန်အကျများစွာသက်သာစေသည်။
အေးခဲထားသောအစားအစာများကအရသာရှိသည်

လူအများစုကအေးခဲထားသောအစားအစာများသည် လတ်ဆတ်သောအစားအစာများလောက် အရသာမရှိဟုထင်တတ်ကြသည်။ သို့သော်လည်းကိုယ်ချင်းစာတရားနှင့် ပေါင်းစပ်ဖန်တီးပါကအေးခဲထားသောအစားအစာများကိုအသုံးပြု၍အရသာရှိသောဟင်းလျာအမယ်များစွာချက်ပြုတ်နိုင်ပါသည်။
အေးခဲထားသောအစားအစာများကိုအသုံးပြုနည်း

အေးခဲထားသောအစားအစာများသည် အသုံးပြုရလွယ်ကူအဆင်ပြေသော်လည်းစိတ်ချရသောနည်းလမ်းဖြင့် အသုံးပြုရန်လိုပါသည်။
အခန်းအပူချိန်ကိုရှောင်ပါ

အခန်းအပူချိန်သည် ၂၀ မှ ၂၂ ဒီဂရီဆဲလ်ဆီးယပ်စ် ကြားရှိတတ်သဖြင့် ဘတ်တီးရီးယားပိုးမွှားများပေါက်ဖွားရှင်သန်နိုင်သည်။ အေးခဲထားသောအစားအစာများကိုအခန်းအပူချိန်နှင့် ကြာရှည်စွာထိတွေ့မိပါကစားသုံးရန်အန္တရာယ်ရှိနိုင်သည်။
ရေခဲသေတ္တာကိုအသုံးပြုပါ

အေးခဲထားသောအစားအစာများကိုအရည်ပျော်အောင်လုပ်ရန် အလွယ်ကူအလျင်မြန်ဆုံးမှာရေခဲသေတ္တာထဲထည့်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အခန်းအပူချိန်တွင်ထားခြင်းထက် များစွာအချိန်ယူရသော်လည်းဘတ်တီးရီးယားပိုးများပေါက်ဖွားမှုကိုမူဟန့်တားပေးသည်။ ထို့ပြင် ရေခဲသေတ္တာထဲထည့်၍ အရည်ပျော်အောင်လုပ်ထားသောအစားအစာသည် ပြန်၍အေးခဲအောင် လုပ်ရာတွင်လည်းပိုမိုလွယ်ကူသည်။
အေးသောရေကိုသုံးပါ

အေးခဲထားသောအစားအစာများကိုစားသုံးတော့မည်ဆိုလျှင် ရေအေးထဲတွင်စိမ်၍အသုံးပြုနိုင်သည်။ သို့သော် ဂရုပြုရမည့်အချက်မှာအစားအစာကိုလုံခြုံစွာထုပ်ပိုးရန်ဖြစ်သည်။

ထိုမှသာအစားအစာကိုရေထဲသို့ စိမ်၍ရေဝသောအခါ အပြင်သို့ယိုစိမ့်မှုမရှိစေရန်ဖြစ်သည်။ စိမ်ထားသောရေသည် အခန်းအပူချိန်ကိုရောက်လျှင် ရေကိုအသစ်လဲပေးရမည်။ ထို့ပြင်ရေအေးထဲထည့်၍ အရည်ပျော်အောင်လုပ်ထားသောအစားအစာသည် ပြန်လည်အေးခဲအောင် လုပ်၍မရတော့ပါ။
ပူသောရေကိုသုံးပါ

အေးသောအစားအစာကိုချက်ချင်းစားလိုလျှင် ပူနွေးသောရေကအကောင်းဆုံးဖြစ်သည်။ အသင့်တော်ဆုံးအပူချိန်မှာ ၆၀ ဒီဂရီဆဲဆီးယပ်စ် ဖြစ်သည်။ ယခုနည်းသည် ပါးပါးလှီးထားသောအစားအစာများအတွက် အကောင်းဆုံးဖြစ်သည်။

လှီးဖြတ်ထားသောအစားအစာအစိတ်အပိုင်းကကြီးလျှင် ရေခဲသေတ္တာကိုသာသုံးပါ။ရေအေးဖြင့်လုပ်သောနည်းကဲ့သို့ပင် ရေပူနှင့် အရည်ပျော်ထားပြီးသောအစားအစာကို ပြန်လည်အေးခဲအောင်လုပ်၍မရတော့ပါ။
မိုက်ကရိုဝေ့ဗ်မီးဖိုသုံးပါ

အေးသောအစားအစာကို မြန်မြန်စားလိုလျှင် မိုက်ကရိုဝေ့ဗ်မီးဖို ကိုလည်းအသုံးပြုနိုင်သည်။ သတိထားရမည့်အချက်မှာအစားအစာကိုထုပ်ပိုးထားသော

ပလတ်စတစ်ကိုဖယ်ရှားပြီးမှသာမီးဖိုထဲသို့ထည့်ရမည့်အချက်ဖြစ်သည်။
သတိပြုရန်

ဟင်းသီးဟင်းရွက်များကိုမူအရည်ပျော်အောင်မလုပ်ရဘဲတိုက်ရိုက်ဆူပွက်အောင်ချက်ပြုတ်နိုင်သည်။ အရည်ပျော်အောင်လုပ်ခြင်းသည် ပါဝင်သောအာဟာရဓာတ်များကို ဆုုံးရှုံးစေနိုင်သောကြောင့်ဖြစ်သည်။

အေးခဲထားသောအစားအစာများသည်လည်းတန်ဖိုးကိုယ်စီရှိသည် ဖြစ်ရာယခုပင်စားသုံး၍ သင်နှင့်သင့်မိသားစုအတွက် အကျိုးကျေးဇူးများရယူလိုက်ပါ။ သတိပြုရမည့်အချက်မှာအရည်ပျော်အောင်လုပ်သည့်နည်းကိုမှန်ကန်စွာသုံးစွဲတတ်ဖို့ဖြစ်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly