အသံချဲ့စက် ဥပဒေအပေါ် အကောင်အထည်ဖော်မှု အားနည်းနေဟု လွှတ်တော်ကိုယ်စားလှယ်ဆို

အသံချဲ့စက် ဥပဒေအပေါ် အကောင်အထည်ဖော်မှု အားနည်းနေဟု လွှတ်တော်ကိုယ်စားလှယ်ဆို

ပုသိမ်၊ မတ် ၂၉ ။     ။ အသံချဲ့စက်များ အသုံးပြုမှုအတွက် ဥပဒေပြဋ္ဌာန်းထားသော်လည်း ဥပဒေပါအတိုင်း အကောင်အထည်ဖော်မှု အားနည်းနေကြောင်း လေးမျက်နှာမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ပြောသည်။

“အသံချဲ့စက်တွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက်ပဲ သုံးမယ်ဆိုရင် ပြည်သူတွေနားလည်ပေးနိုင် ကြမှာ ဖြစ်ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးဥပဒေမှာ အသံချဲ့စက်အသုံးပြုမည်ဆိုပါက ၃ရက်ကြိုတင်ပြီး ခွင့်ပြုမိန့် ရယူရပြီး ခွင့်ပြုထားသည့်ကိစ္စရပ်နှင့်  ခွင့်ပြုထားသည့် အချိန်အတွင်းသာ ဖွင့်လှစ်ရမည်။ အများ ပြည်သူအနှောင့်အယှက်မဖြစ်စေရန် ခွင့်မပြုထားသည့် နေရာတွင် အများပြည်သူကြားသိရုံသာ ဖွင့်လှစ် ရမည်။ရပ်ကျေးအုပ်ချုပ်ရေးမှူးသည် အသံချဲ့စက် ဖွင့်ခွင့်တောင်းခံခြင်းကို စည်းကမ်းသတ်မှတ်ခွင့်ပြခြင်း ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်သူ စည်းကမ်းဖောက်ဖျက်ဖွင့်သူများအား အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်းဆောင်ရွက်ရမည်ဟုဖော်ပြထားသော်လည်း ဥပဒေပါအတိုင်း အကောင်အထည် ဖော်မှုလွန်စွာအားနည်းသည်ကိုတွေ႔ ရှိနေရပါတယ်”ဟု ဦးစိုးခိုင်က ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အသံချဲ့စက်ဥပဒေကိုချိုးဖောက်ခဲ့သူများအား မည့်မျှအရေးယူခဲ့ပြီး ဥပဒေကို တာဝန်ယူထိန်းကျောင်းမှုပျက်ကွက်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများရှိပါက မည်သို ့အရေးယူထားသည် မည်သို့ဆက်လက်ဆောင်ရွက်သွားမည်ကို အများပြည်သူအကျိုးအတွက် သိရှိလိုပါကြောင်း ဦးစိုးခိုင်က ဧရာဝတီတိုင်းဒေကြီးလွှတ်တော် ၁ရကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ႔ တွင်မေးမြန်းခဲ့ခြင်းဖြစ်သည်။

“အသံချဲ့စက်ဥပဒေကိုချိုးဖောက်ပြီး တိုင်တန်းမှုကြောင့် အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များမရှိကြောင်း စိစစ်တွေ႔ ရှိရပြီး၊လိုက်နာမှုမရှိပါက ဥပဒေ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်သွား မည်ဖြစ်ပါတယ်”ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြန်လည်ဖြေဆိုခဲ့သည်။

အသံချဲ့စက်များ ကျယ်လောင်စွာ ဖွင့်လှစ်ခြင်းကို ပြည်သူများက တိုင်ကြားသည့်ဖြစ်စေ မတိုင်သည့်ဖြစ်စေ အများပြည်သူအကျိုးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက တာဝန်ယူဆောင်ရွက်ရန် လိုအပ်ပြီး လုပ်ရမည့် အလုပ်များကို တာဝန်ရှိသူများမှ တာဝန်ယူမှုတာဝန်ခံမှုဖြင့် ဆောင်ရွက်ကြမှသာ တရားဥပဒေစိုးမိုးမည်ဟု လေးမျက်နှာမြို ့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစိုးခိုင်က ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly