၁ လ နီးပါးကြာ ရပ်နားထားသည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ ပြန်လည်စတင်

၁ လ နီးပါးကြာ ရပ်နားထားသည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ ပြန်လည်စတင်
ဓာတ်ပုံ-မြန်မာနေရှင်နယ်လိဂ်

ရန်ကုန်၊ မတ်လ ၂၈ ။     ။ မြန်မာလက်ရွေးစင်အသင်းကြီး၏ ဖိဖာနိုင်ငံတကာ ခြေစမ်းပွဲများ ၊မြန်မာလက်ရွေးစင် ယူ-၂၃ အသင်း၏ အာရှ ယူ ၂၃ ခြေစစ်ပွဲများ ၊ရန်ကုန်ယူနိုက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲများ ကြောင့် တစ်လနီးပါးကြာ ရပ်နားထားသည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ယခုတစ်ပတ်တွင် ပြန်လည် စတင်ယှဉ်ပြိုင်ကစားသွားမည်ဟု သိရသည်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၅ အပြီးမတ်လ ၃ ရက်နေ့တွင် ပြိုင်ပွဲကိုတစ်လနီးပါးကြာ ရပ်နားထားခဲ့ပြီး ပွဲစဉ် ၆ ၏ အစောဆုံးပွဲစဉ်ဖြစ်သည့် အဆင့် ၁ နေရာမှ  ရန်ကုန်ယူနိုက်တက်အသင်း နှင့် အဆင့် ၄ နေရာ မှ ဧရာဝတီ အသင်း ၊ အဆင့် ၇ နေရာမှ ရတနာပုံအသင်း နှင့် အဆင့် ၁၁ နေရာ မှ ဒဂုံအသင်းတို့၏ ပွဲစဉ်များဖြင့် ပြန်လည် စတင်မည်ဟု သိရသည်။

မြန်မာနေရှင်နယ်လိဂ် ကော်မတီအနေဖြင့် လာမည့် ပွဲစဉ် ၆ မှ စတင်ကာ ဧပြီလကုန်ပိုင်းအထိ ယှဉ်ပြိုင် ကစား ကြမည့်ပွဲချိန်များကို ညနေ ၃ နာရီခွဲ မှ ညနေ ၄ နာရီသို့ နာရီဝက်နောက်ဆုတ်ကာ ကျင်းပသွားမည်ပာု သိရပြီး ထိုသို့ နောက်ဆုတ်ကျင်းပသည့် ပွဲများသည် ရန်ကုန်မြို့တွင်ကျင်းပသည့် ပြိုင်ပွဲများသာ အကျုံးဝင်မည်ဖြစ် ကြောင်း ကျန်ရှိသည့် မန္တလေး၊ပုသိမ် အစရှိသည့်မြို့ကြီးများတွင် မူပုံမှန်အချိန် ဖြစ်သည့် ညနေ ၃ နာရီခွဲတွင် သာ ယှဉ်ပြိုင်ကစားမည်ပာု သိရသည်။

MPT Myanmar National league 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၅  အပြီး အမှတ်ပေးဇယား ရပ်တည် မှုတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ရပ်တည်နေပြီး ဟံသာဝတီ ယူနိုက်တက် အသင်းက အဆင့် ၂၊ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့က အဆင့် ၃ နှင့် အဆင့် ၄ တို့တွင် ရပ်တည်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly