စိုက်ပျိုးစရိတ် မမှန်မကန်ချေးယူသူများကို အရေးယူရန် စီစဉ်နေ

စိုက်ပျိုးစရိတ် မမှန်မကန်ချေးယူသူများကို အရေးယူရန် စီစဉ်နေ

ပုသိမ်၊ မတ် ၅ ။            ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မမှန်မကန် စိုက်ပျိုးစရိတ်ချေးယူသူများအားစီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာ ဝန်ကြီးဦးဌေးဝင်း တိုင်းဒေသကြီးလွှတ်တော်တွင် မတ်လ ၅ရက်နေ့က ဖြေကြားခဲ့သည်။

၀ါးခယ်မမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း က “စိုက်ပျိုးစရိတ်ချေးငွေ လိမ် လည် ထုတ်ယူသူများနှင့် ဘဏ်ချေးငွေကြွေးကျန်များအား မည့်သို ့ ဆောင်ရွက်နေသည်ကို သိရှိလို ကြောင်း” မေးခွန်းကို မတ်လ၅ရက်နေ့က ကျင်းပသော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစရိတ်ချေးငွေ မမှန်မကန်သည့်အချက်အလက်များနှင့် လိမ်လည် ထုတ်ယူ သူများကို စစ်ဆေးချက်အရ မော်လမြိုင်ကျွန်းဘဏ်ခွဲတွင် ၃မှု၊ကြံခင်း၊ကျောင်းကုန်း၊ပန်းတနော်ဘဏ်ခွဲများတွင် ၁မှုစီ၊စုစုပေါင်း ၆မှုနှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်သူများကို ဥပဒေအရ အမှုဖွင့်ထားရှိပါသည်။ အချိန်ပြည့် ကြွေးကျန်များ ကွင်းဆင်းကောက်ယူစီမံချက်ကို မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ရုံးချုပ်၊ တိုင်းဒေသကြီးဘဏ်ခွဲ နှင့်မြို့နယ်ဘဏ်ခွဲများတွင် အသေးစိတ်ရေးဆွဲခဲ့ပြီး ၂၀၁၈ခုနှစ်အောက်တိုဘာလမှ၂၀၁၉ခုနှစ် ဧလအထိ ကြွေးကျန် ကောက်ခံခြင်းကို ဆောင်ရွက်လျက်ရှိရာ ကျေးရွာအုပ်စုအလိုက် တစ်ဦးချင်းကြွေးကျန် စာရင်းများ ဖော်ထုတ်ပြုစုခြင်း ကျေးရွာများသို ့ကွင်းဆင်းအတည်ပြုခြင်း ကြွေးဆပ်ရန်နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသအစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီးဦးဌေးဝင်းက စိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုကို တိုင်းလွှတ်တော်တွင်ဖြေကြားခဲ့သည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲအသီးသီးရှိ တောင်သူများ ပုံစံ ရမိတ္တူများ မူရင်းများကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရှိ ပုံစံ ၅နှင့်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ငွေကြေးလိမ်လည်ထုတ်ယူသူများကို တည်ဆဲဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် နေကြောင်း တိုင်းဝန်ကြီးကဆက်လက်ဖြေကြားခဲ့သည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ထုတ်ချေးခဲ့သည် အချိန်စေ့ကြွေးကျန်နှင့် ပတ်သက်ပြီး စည်းရုံးရေးနည်းလမ်း များဖြင့် ကောက်ခံသော်လည်း ချေးငွေပေးဆပ်မှုနည်း ပါးသဖြင့် ချေးငွေကြွေးကျန်များကို စိစစ်ပြီး စီမံခန့်ခွဲရေး နည်းလမ်းဖြင့် အရေးယူဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် တောင်သူလယ်သမား ၁၅၃၃၉၃ဦးက မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်သို ့၂၀၁၂ခုနှစ် မိုးနှင့်ဆောင်း မှ ၂၀၁ရခုနှစ် မိုးနှင့်ဆောင်းအထိ ပေးသွင်းရန် အချိန်စေ့ကြွေးကျန် ငွေကျပ် ၁၂၂.၉၄၅ ဘီလီယံရှိကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required