ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ခွင့် အတိုင်းအတာနှင့် အခွင့်အရေးကို မှန်းလို့မရဟု ဝန်ကြီးချုပ်ဆို

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ခွင့် အတိုင်းအတာနှင့် အခွင့်အရေးကို မှန်းလို့မရဟု ဝန်ကြီးချုပ်ဆို

ပုသိမ်၊ မတ် ၄ ။        ။      ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုထောက်ခံပွဲများ ပြုလုပ်ခြင်းသည် အထောက် အပံ့ကောင်းများ ဖြစ်စေပြီး ခြေ/ဥပြင်ဆင်ရေးအတွက် ပြင်ဆင်နိုင်ခွင့် အတိုင်းအတာနှင့် အခွင့်အရေးကို မှန်းလို့မရကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားသည်။

 “အများကြီးအထောက်အပံ့ဖြစ်မှာပါ။ ပြင်ဆင်တဲ့အခါမှာ ပြင်ဆင်နိုင်တဲ့ အခွင့်အရေးအတိုင်းအတာပေါ်မှာ မူတည်ပြီးတော့ အောင်မြင်မှာပါ။ကျွန်တော်တို့ပါတီအနေနဲ႔ ၁၆၈ ချက်ကိုသိထားပါတယ်။အဲဒါတွေ များများ ပြင်နိုင်လေ များများအောင်မြင်လေပေါ့။ဒါပေမယ့် ပြင်ဆင်နိုင်ခွင့်အတိုင်းအတာနဲ႔အခွင့်အရေးက မှန်းလို့ မရပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်က ပုသိမ်မြို့တွင်ကျင်းပပြုလုပ်သည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲတွင် မဇ္စျိမသို႔ပြောသည်။

ပုသိမ်မြို့၊ရှုခင်းသာရင်ပြင်တွင် မတ်လ၄ရက်နေ႔၊နံနက်၈နာရီမှ ၁ဝနာရီအထိ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ထောက်ခံပွဲသို႔  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊အစိုးရအဖွဲ ့ဝင်ဝန်ကြီးများ၊ကိုယ်စားလှယ်များနှင့် ပြည်သူများ တက်ရောက်ခဲ့သည်။

“လွှတ်တော်ဆိုတာလည်း ဥပဒေပြုရေးအဓိက နေရာကနေ ပါဝင်တယ်။ကျွန်တော်တို႔ လွှတ်တော်ကော အစိုးရကောမှာ လုပ်ရကိုင်ရတာမှာ ခြေလှမ်းပို သွက်သွက်လှမ်းနိုင်အောင် ဖြစ်နေတဲ့ အဟန့် အတားတွေက ရှင်းကမှ ဖြစ်မယ်။ ဒါအတွက် ပြည်ထောင်စုအဆင့်တော့လုပ်နေပြီဆိုတော့ ကျွန်တော်တို႔ က  ၀ိုင်းဝန်းပြီး အားပေးတဲ့သဘောပါ”ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

အဆိုပါ အခမ်းအနားတွင် “နိုင်ငံအနာဂတ်လှပရေးဒို႔အရေး၊ ဖွဲ႔ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဒို႔ အရေး ၊ ၂၀၀၈ဖွဲ႔ စည်းပုံပြင်ဆင်ရေး ဒို႔အရေး၊၂၀၀၈ဖွဲ႔ စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီအား ထောက်ခံပါ သည်”စသည့် ကြွေးကြော်သံများဖြင့် တက်ရောက်လာသူများကကြွေးကြော်ခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဟာနိုင်ငံရဲ့အသက်ပါ။ဒါနဲ႔ကျွန်တော်တို႔  နိုင်ငံဖွံဖြိုးတိုးတက်ရေး၊ ကျွန်တေ်အနေနဲ့ ပြည်သူတစ်ယောက်အနေနဲ႔ ဖွဲ႔ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုကြိုဆိုထောက်ခံပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက မဇ္စျိမသို႔ ပြောသည်။

ပုသိမ်မြို့တွင်ပြုလုပ်ခဲ့သော ခြေ/ဥပြင်ဆင်ရေးလူထုထောက်ခံပွဲတွင် တက်ရောက်လာသော စာရေးဆရာ များနှင့် ကဗျာဆရာများက ၂၀၀၈ဖွဲ ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဟောပြောခြင်းများ၊ ကဗျာဖတ်ခြင်းများ ဖျော်ဖြေခြင်းများပြုလုပ်ခဲ့သည်။ထို့အပြင် ညောင်တုန်းမြို့နယ်တွင် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲအား မတ်လ၅ရက်နေ့၌ ဆက်လက်ကျင်းပပြုလုပ်မည်ဟု သိရသည်။

 

“အားလုံးပူးပေါင်းဆောင်ရွက်ပြီး ဖွဲ့စည်းပုံပြင်လိုက်လို့ရှိရင် တိုင်းပြည်နောင်ရေးပေါ့။ အဲဒါကိုပေါ့လျော့ပြီး အရင်တုန်းက တင်းတင်းမာမာဖြစ်ခဲ့သူတွေလည်း ကိုယ်ရဲ့တင်းမာမှုတွေလျော့ပြီးတော့ ပြည်သူအားလုံး အကျိုးကို မျှော်ကိုးပြီးတော့ စိတ်ဓါတ်တွေ ညီညီညာညာနဲ႔ တိုင်းပြည်ရှေ့ရေးကောင်းစားရေးအတွက် ပြန်လည်ပြုပြင်ကြဖို႔ အားလုံးတောင်းဆိုချင်ပါတယ်”ဟု ကဗျာဆရာ ဦးတိုးဝေက မဇ္စျိမသို႔ ပြောသည်။

လက်ရှိအချိန်တွင်၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဟောပြောပွဲများ၊ ကြွေးကြော်သံများဖြင့် ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

“ဖွဲ႔ စည်းပုံအခြေခံဥပဒေကို ပြင်မှဖြစ်မယ်ဆိုပြီးဒီပွဲကိုလာရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို႔ ကျောင်းသားတွေ ဆန္ဒကလည်း ကျွန်တော်တို႔ လိုချင်တဲ့ ပညာရေးရဖို့အတွက် ဖွဲ ့စည်းပုံသည် အနှောင့်အယှက်အဟန်႔ အတား တစ်ခုလိုပဲဖြစ်နေလို႔ ”ဟု  ဖွဲ႔ စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲတွင် ပုသိမ်တက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုဖြိုးအာကာက မဇ္စျိမသို႔ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required