မြောက်ဦးမြို့နယ်ရှိ ရပ်ကွက်အချို့မှ နေအိမ်များတွင် ရခိုင်ပြည်နယ် အလံများ လွှင့်ထူ

မြောက်ဦးမြို့နယ်ရှိ ရပ်ကွက်အချို့မှ နေအိမ်များတွင် ရခိုင်ပြည်နယ် အလံများ လွှင့်ထူ
A man walks along the road near ancient pagodas in Mrauk U, Rakhine State. Photo: Nyunt Win/EPA

ရန်ကုန်၊ မတ် ၄ ။            ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ရပ်ကွက်အချို့မှ နေအိမ်များတွင် မတ်လ ၃ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်အလံကို လွှင့်ထူမှုများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

“ မြိုပေါ်ရပ်ကွက် ၇ ရက်ကွက်ရှိတယ်။  ၇ ရက်ကွက်လုံးလွှင့်တာလား။ ဒါမှမဟုတ် ရပ်ကွက် တစ်ခု၊ နှစ်ခုပဲ လွှင့်တာလားဆိုတော့ ကျွန်တော် အတိအကျမသိဘူး “  ဟု မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

အဆိုပါကိစ္စသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်အလံကိုလွှင့်ထူကြသည်ကိုလည်းမသိရှိကြောင်း လည်း ၄င်းကဆိုသည်။

ရခိုင်အလံများကို မတ်လ ၃ ရက်နေ့နံနက်ပိုင်းမှစတင်တာ လွှင့်တင်ကြခြင်းဖြစ်ပြီး မတ်လ ၄ ရက်နေ့တွင်မှု အချို့နေအိမ်များ၌ အလံများပြန်သိမ်းသွားကြပြီဟုလည်း မြောက်ဦးမြို့နယ် မောင်ရှီကန်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းကဆိုသည်။

မြောက်ဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံရမှု၊ ရာထူးမှနုတ်ထွက်စာတင်မှုများဖြစ်ပွား ပြီးနောက် ထိုသို့ ရခိုင်ပြည်နယ် အလံများလွှင့်တင်ကြခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ မေးမြန်းရန် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်ထံ မဇ္စျိမမှ ဖုန်းဖြင့်ဆက်သွယ်ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly