ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် ရခိုင်ဝန်ကြီးချုပ်သေဆုံးဆိုသည့်သတင်းမှာ ကောလဟလ ဖြစ်

ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် ရခိုင်ဝန်ကြီးချုပ်သေဆုံးဆိုသည့်သတင်းမှာ ကောလဟလ ဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ။      ။ လူမှုကွန်ရက်စာမျက်နှာများတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသွားပြီဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမသို့အတည်ပြုပြောဆိုသည်။

"ဒါတွေကမဟုတ်ပါဘူး။ ဝန်ကြီးချုပ်က နေပြည်တော်မှာပါ။သတင်းမှားတွေပါ" ဟု ဦးဝင်းမြင့်က ဆိုသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၇ နာရီခန့်မှ စပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာအနီး၌ ဝန်ကြီးချုပ်ယာဉ်တန်းအား AA အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး ဝန်ကြီးချုပ် ဦးညီပု နှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး သေဆုံးခဲ့သည်ဟု သတင်းများ ပျံ့နှံလာနေခြင်းဖြစ်သည်။

အဆုိပါနေရာအနီးတွင် တပ်မတော်ယာဉ်တန်း တစ်ခု ခြုံခိုတိုက်ခိုက်ခံရကြောင်း သတင်းများကြားသိရသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly