မဟတ္တမဂန္ဒီ၏ နှစ် ၁၅၀ ပြည့်မွေးနေ့အထိမ်းအမှတ် ကားမောင်းပြိုင်ပွဲပြီးဆုံး

မဟတ္တမဂန္ဒီ၏ နှစ် ၁၅၀ ပြည့်မွေးနေ့အထိမ်းအမှတ် ကားမောင်းပြိုင်ပွဲပြီးဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ။            ။ အိန္ဒိယနိုင်ငံ၏ ထင်ရှားသည့်ခေါင်းဆောင်တစ်ဦးဖြစ်သော မဟတ္တမဂန္ဒီ၏ နှစ် ၁၅၀ ပြည့်မွေးနေ့အထိမ်းအမှတ် ကားမောင်းပြိုင်ပွဲပြီးဆုံးခြင်းအခမ်းအနားကို ရန်ကုန်မြို့၊အင်းယားလိတ်ဟိုတယ်တွင် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။

အိန္ဒိယနိုင်ငံအစိုးရ၏ လမ်းပန်းဆက်သွယ်ရေးနှင့် အမြန်လမ်းမကြီးများဆိုင်ရာဝန်ကြီးဌာနမှ ဂန္ဒီ ၏ နှစ် ၁၅၀ မွေးနေ့အထိမ်းအမှတ် “ ငြိမ်းချမ်းရေးအတွက် မောင်းနှင်ခြင်း” ကားမောင်းပြိုင်ပွဲကို စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကျင်းပရခြင်းမှာ ဂန္ဒီအနေဖြင့် သူ့၏ ခေတ်ကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့မှုများကို သတိတရရှိစေဖို့နှင့် ပြိုင်ပွဲတစ်လျှောက် လုံခြုံစိတ်ချစွာမောင်းနှင်နိုင်ကြောင်း သတင်း စကား ပေးလိုသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကီလိုမီတာ ၇ ထောင်ကျော်မောင်းနှင့်ရသည့် အဆိုပါ ပြိုင်ပွဲတွင် ကား ၁၀ စီးနှင့် ပြိုင်ပွဲဝင် အယောက် ၄၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဖေဖော်ဝါရီ ၃ ရက်နေ့ကစတင်ကာ ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြိုင်ပွဲ ပြီးဆုံးခဲ့ခြင်းလည်း ဖြစ်သည်။ပြိုင်ပွဲပြီးဆုံးခြင်းအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

India-Bangladesh-Myanmar သုံးနိုင်ငံ ငြိမ်းချမ်းရေးကားမောင်းအဖွဲ့သည် မန္တလေး-နေပြည်တော်တို့ကို ဖြတ်သန်းကာ ရန်ကုန်မြို့သို့ရောက် ရှိလာပြီးနောက် ပုဂံသို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly