သတင်းထောက်အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းယူမှုများကို သတင်းမီဒီယာကောင်စီ ထိန်းကျောင်းမည်

သတင်းထောက်အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းယူမှုများကို သတင်းမီဒီယာကောင်စီ ထိန်းကျောင်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၆ ။           ။ သတင်းထောက်အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းယူမှုများကို သတင်းမီဒီယာကောင်စီအနေဖြင့်  ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ကိုကျော်စွာမင်း က မဇ္ဇိုမ သတင်းဌာနသို့ ပြောသည်။

“သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေတွေကို ကျူးလွန်ဖောက်ဖျက်တဲ့ သတင်းထောက် အယောင်ဆောင် သူများ ကို သတင်းမီဒီယာကောင်စီအနေနဲ့ စနစ်တကျလုပ်ဆောင်ဖို ့လာမည့် လပတ်အစည်းအဝေးတွင် သတင်း မီဒီယာကျင့်ဝတ်နှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီအနေဖြင့် ထုတ်ပြန်ကြေငြာသွားဖို ့ ရှိပါတယ်”ဟု  သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ကိုကျော်စွာမင်းက ပြောသည်။

သတင်းမီဒီယာကျင့်ဝတ်နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် ကျင့်ဝတ်လိုက်နာမှုမရှိသော သတင်း မီဒီယာများနှင့် သတင်းသမားများကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို သတိပေးမှုများအပါ အဝင် ကော်မတီအနေဖြင့် ကြေငြာချက်ထုတ်ပြန်မှုများကို ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“သတင်းမီဒီယာကောင်စီအနေနဲ့ ပြီးခဲ့တဲ့သက်တမ်းမှာ မှုခင်းသတင်းထောက်များအဖွဲ ့ကို ခေါ်ယူသတိပေး တာ၊ ကြေငြာချက်တွေ ထုတ်ခဲ့တာရှိပါတယ်။ လက်ရှိအချိန်မှာ သတင်းထောက်အယောင်ဆောင်ပြီး ချိန်းခြောက် ငွေ တောင်းခံခြင်းအပါအဝင် အခြားပြစ်မှုများကျူးလွန်တဲ့ သတင်းမီဒီယာသမားတွေကိုထိန်းကျောင်းသွားမယ်” ပာု ကိုကျော်စွာမင်းက ဆက်လက်ပြောကြားခဲ့သည်။

 လက်ရှိအချိန်တွင် သတင်းထောက်အယောင်ဆောင်ကာ ချိန်းခြောက်ငွေတောင်းခံခြင်း ၊ မြန်မာနိုင်ငံအထဲသို့ လူမှောင်ခိုသွင်း၊ သစ်ခိုးထုတ်ခြင်း ၊ အစရှိသည့် ပြစ်မှုများကို ကျူးလွန်လာခြင်းကြောင့် သတင်းမီဒီယာကောင်စီ အနေဖြင့် သတင်းထောက်ပာုတ်၊ မပာုတ် စီစစ်သွားရန်လည်း ဆောင်ရွက်နေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ဘင်္ဂါလီ(၁၀)ဦးအား အခကြေးငွေယူ၍ ပြည်မထဲသို့ ခိုးသွင်း လာသော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှ မှုခင်းသတင်းထောက်ဆိုသူကို ဘင်္ဂါလီများနှင့်အတူ မင်းတုန်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၄ရက် နံနက် ၄နာရီ ခွဲအချိန်ခန့်က ဖမ်းဆီးရမိခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly