အောင်လအန်ဆန် လေ့ကျင်သင်ကြားပေးထားတဲ့ ချင်းကစားသမားသစ် ပွဲထုတ်

အောင်လအန်ဆန် လေ့ကျင်သင်ကြားပေးထားတဲ့ ချင်းကစားသမားသစ် ပွဲထုတ်
ဓာတ်ပုံ-MMA

 ဖေဖော်ဝါရီလ ၅ ။           ။ အောင်လအန်ဆန် လေ့ကျင်သင်ကြားပေးထားတဲ့ ချင်းကစားသမားသစ် Tial Thang Zathang (နဂါး ခြေထောက်)ကို လာမည့် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင် ကျင်းပမည့် One: Reign of Valor ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပွဲထုတ်ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသည်။

 မြန်မာနိုင်ငံဖွား ချင်းလူငယ်ကစားသစ်အနေဖြင့် ပထမဆုံးအကြိမ် MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲ တွင် ပါဝင်ထိုးသတ် မည် ဖြစ်ပြီး ကိုယ်ခံပညာ ကမ္ဘာချန်ပီယံဖြစ်ရန် ကြိုးစားလုပ်ဆောင်နေကြောင်း သိရသည်။

 အောင်လဆန်ဆန်က “၂၀၁၉ မှာ ဒီ ချင်းလူငယ်ဖိုက်တာTial Thang Zathang လူငယ်ကို စောင့်ကြည့်ပါ။ လတ်တလောမှာပဲ သူစာချုပ်တချို့သဘောတူထားပြီးပြီ။ ဒီ ညီငယ် မြန်မာပြည်နဲ့ချင်းညီအစ်ကိုမောင်နှစ်မ တွေကို ကိုယ်စားပြုပြီး ကစားမဲ့အချိန်ကို ကျွန်တော်အရမ်းတွေ့ချင်နေပြီ” ဟု လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

 အမေရိကန်မှာနေထိုင်သည့် အဆိုပါချင်းတိုင်းရင်းသားလူငယ်သည် ၄င်း၏အိမ်မက် ဖြစ်သည့် ကိုယ်ခံပညာ ကမ္ဘာ့ချန်ပီယံဖြစ်ရန်အတွက် သူ လုပ်ကိုင်နေသည့် လေအေးပေးစက်ပြုပြုင်ရေး အလုပ်ကို စွန့်ခွာခဲ့သူ ဖြစ်ကြောင်း သိရသည်။

 ၂၀၁၆ ခုနှစ် မတ်လက အောင်လအန်ဆန် ဖွင့်လှစ်ထားသည့် The Crazy 88 Gym ကိုသူ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လက်ရှိ ပထမဆုံးအကြိမ် MMA ပြိုင်ပွဲအတွက် အောင်လအန်ဆန်က လေ့ကျင့်ပေးနေသည်။

 Tial Thang Zathang ကို မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို ့မှ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဇနီး၊ သားသမီး ၂ ဦးနှင့် အမေရိကန်နိုင်ငံမှာ နေထိုင်နေသူ ဖြစ်သည်။

ONE: REIGN OF VALOR ပြိုင်ပွဲတွင် မြန်မာနိုင်ငံသူ လက်ဝှေ့မယ် အန်တိုနီယာ၊ ဖိုးသော်တို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး အဓိက တွဲဆိုင်းအဖြစ် ဆွီဒင်နိုင်ငံသား Zebaztian Kadestam သည်  ကာဇက်စ္စတန် နိုင်ငံသား Georgiy  Kichigin နှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly