မြန်မာ့ဂီတဂန္တဝင်တေးသံရှင်ကြီး ဦးမင်းနောင် ရန်ကုန်မြို ့တွင် ကွယ်လွန်

မြန်မာ့ဂီတဂန္တဝင်တေးသံရှင်ကြီး ဦးမင်းနောင် ရန်ကုန်မြို ့တွင် ကွယ်လွန်
Photo-Thura

ဖေဖော်ဝါရီ ၁ ။           ။ မြန်မာ့ဂီတရေဒီယိုခေတ်ဦး အချိန်ကနေယနေ ့အထိ ထင်ရှားကျော်ကြားလူကြိုက်များခဲ့တဲ့ မြန်မာ့ဂီတ ဂန္ထဝင်တေးသံရှင်ကြီး အဆိုတော် ဦးမင်းနောင်ဟာ ဇန်နဝါရီလ ၃၁ ရက်နေ ့ညပိုင်းက ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။

 ရေဒီယိုခေတ်အဆိုတော် ဦးမင်းနောင်ဟာ ကျောက်ကပ်၊ နှလုံးနှင့် အဆုတ်စသည့် ရောဂါဝေဒနာများကို ခံစားနေရကာအာရှတော်ဝင် ဆေးရုံတွင်ဆေးကုသမှုခံယူနေရာမှာ ဇန်နဝါရီလ ၃၀ ရက်နေ့တွင်သတိမေ့ မြောနေရာမှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 တေးသံရှင် ဦးမင်းနောင်ဟာ ဂျင်မလေး ဂျမ်း ၊ ဇရာ ၊ နှင်းပျောက်တဲ့နွေ ၊ သက်ဝေ၊ချစ်မိုးကြီး အစရှိသည့် တေးသီချင်းများဖြင့် လူကြိုက်များခဲ့ပြီး ပရိသတ်ရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်တဲ့ဂန္တဝင်သီချင်းများကို သီကျူးနိုင်ခဲ့သူလည်း ဖြစ်သည်။

 စည်သူဦးမင်းနောင်(ခေတ်ပောာင်းကာလပေါ် တေးစိစစ်ရေးဘုတ်အဖွဲ ့ဝင်)ဟာကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပြီး ကျန်ရစ်သည့် ရုပ်ကလာပ်ကို လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ နေလယ်မှာ ရေဝေးသုဿာန် ၌ သင်္ဂြိုဟ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly