အောင်ရဲထွေးသေဆုံးမှုအတွက် အခင်းဖြစ်စဉ်ကို မျက်မြင်မတွေ့ရှိခဲ့ကြောင်း ပြန်ခေါ်သက်သေ ထွက်ဆို

အောင်ရဲထွေးသေဆုံးမှုအတွက် အခင်းဖြစ်စဉ်ကို မျက်မြင်မတွေ့ရှိခဲ့ကြောင်း ပြန်ခေါ်သက်သေ ထွက်ဆို
  သင်္ဃန်းကျွန်း မြို႔နယ်တရားရုံး၌ ရုံးထုတ်ခဲ့စဉ်။

ဇန်နဝါရီလ ၂၉ ။         ။ ရန်ကုန်အရှေပိုင်းခရိုင်တရားရုံး မှ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုအတွက် ပြန်ခေါ်သက်သေ အဖြစ်  The One Entertainment Park မှ လုံခြုံရေး အဖွဲ႔ခေါင်းဆောင် ဖြစ်သူကိုကျော်သူကို ဇန်နဝါရီလ ၂၉ ရက် ရုံးချိန်းတွင်စစ်ဆေးရာ CCTV မှတ်တမ်းတာဝန်ယူသူကို မသိကြောင်းနှင့် အခင်းဖြစ်စဉ်ကို ကိုယ်တိုင် မျက်မြင်မတွေ့ရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

အခင်းဖြစ်ပွားဖြစ်ပြီးနောက် သူများပြော၍ အကြမ်းဖျဉ်းသာသိပါသည် ဟု တရားခွင်၌ ထွက်ဆိုခဲ့ပြီး အမှုဖြစ်စဉ်ကို ကိုယ်တိုင်မျက်မြင်တွေ့ရှိခြင်းမရှိခဲ့ကြောင်း၊အခင်းဖြစ်သည့်ညတွင် CCTV မှတ်တမ်းကို NYX ကုမ္ပဏီမှ တာဝန်ယူသဖြင့် မည်သူတာဝန်ယူသည်ကို မသိကြောင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုအတွက် သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည်ဖြိုးအောင် (ခ) အောင်လေး ၊ ကျော်ဇောဟန်(ခ) ကျော်ဇော တို့ကို စွဲချက်တင်ထားပြီး ဇန်နဝါရီလ ၂၉ ရက်နေ့က အရှေ့ပိုင်းခရိုင်းတရားရုံးတွင် ယင်းတို့ကို ရုံးထုတ်ခဲ့သည်။

အောင်ရဲထွေးသေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး  သန်းထွဋ်အောင်(ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး တို့ကို လူသတ်မှုပုဒ်မ ၃၀၂ အပိုဒ်ခွဲ (၂)ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချခဲ့မှတ်ခဲ့ပြီး ကျော်ဇောဟန် (ခ) ကျော်ဇောကို လူသတ်မှုဖြစ်ပေါ်လာစေရန် ပူးပေါင်းကြံစည်မှုပုဒ်မ ၃၀၂ အပိုဒ်ခွဲ (၂) / ၁၁၄ ဖြင့် စွဲချက် တင်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ဇွန်နဝါရီလ ၇ ရက်နေ႔က  အမိန့်ချမှတ်ခဲ့သည်။

ထိုအမှုအတွက် လာမည့်ရုံးချိန်းကို ဖေဖော်ဝါရီလ ၅နေ႔သို့ပြန်လည်ချိန်းဆိုခဲ့ပြီး ကျန်ရှိနေသည့် ပြန်ခေါ် သက်သေ ၆ ဦးကို ဆက်လက် စစ်ဆေးသွားမည်ဟု သိရသည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် ၂၀၁ရခုနှစ် နှစ်သစ်ကူညတွင် ကလပ်တစ်ခု၌ လူတစ်စုမှ ၀ိုင်းဝန်း ထိုးကြိတ်ခြင်းကို ခံခဲ့ရပြီး ဦးနှောက် ဖိညှပ်ခံရခြင်း၊ဦးနှောက်ဖူးယောင်ခြင်း စသည့် ဒဏ်ရာများ ရရှိကာ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly