သရုပ်ဆောင် သီဟတင်စိုးအမှု တရားလိုဒေါ်ဇင်မာဦး၏အစ်မ ဖြစ်သူကို ဆက်လက်စစ်ဆေး

သရုပ်ဆောင် သီဟတင်စိုးအမှု တရားလိုဒေါ်ဇင်မာဦး၏အစ်မ ဖြစ်သူကို ဆက်လက်စစ်ဆေး

ဇန်နဝါရီလ ၂၈ ။          ။  သရုပ်ဆောင် သီဟတင်စိုးအမှုမှ တရားလိုဖြစ်သော ဒေါ်ဇင်မာဦး၏ အစ်မ ဒေါ်ကေသီဦးကို ဇန်နဝါရီ ၂၈ရက် နေ႔တွင်ပြုလုပ်သော  ရုံးချိန်း၌ တရားလိုပြသက်သေအဖြစ် ဆက်လက်စစ်ဆေးခဲ့သည်။

 ယခုရုံးချိန်းတွင် ယခင်ရုံးချိန်း၌ စစ်ဆေးမှုမပြီးပြတ်သေးသော သရုပ်ဆောင် သီဟတင်စိုးကို အဓ္မပြုကျင့်မှု နှင့်  ငွေကြေး ခြိမ်းခြောက်တောင်းခံသည့် ပုဒ်မ ၃၈၉ အတွက် တရားလိုပြသက်သေ အဖြစ် ဒေါ်ကေသီဦးကို ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 အမှုကို စစ်ဆေးရာတွင် ပွဲစား ဒေါ်ညိုမှ ငွေကျပ်သိန်း ၁၀၀ တောင်းခံခဲ့ကြောင်း၊ ဒေါ်ညို ငွေကျပ်သိန်း ၁၀၀ တောင်းခံကြောင်း သက်သေအဖြစ် အသိသက်သေလူကြီးနှစ်ယောက်ရှိကြောင်း တရားလိုပြသက်သေ ဒေါ်ကေသီဦးက တရားခွင်၌ ထွက်ဆိုခဲ့သည်။

 သရုပ်ဆောင် သီဟတင်စိုးက အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်ကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၄ရက် ညနေပိုင်းတွင် တိုင်းတန်းခံရပြီး သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၃၈၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့သည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ရုံးချိန်းတွင် အိမ်အကူ ဒေါ်ခင်မာမြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး လာမည့် ရုံးချိန်းကို ဖေဖော်ဝါရီလ ၆ရက် နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly