ကျန်းမာရေးဝန်ထမ်းများနေထိုင်ရန် အဆောက်အဦ စံချိန်မမီ၍ ပြန်ဆောက်ပေးရန် တောင်းဆို

ကျန်းမာရေးဝန်ထမ်းများနေထိုင်ရန် အဆောက်အဦ စံချိန်မမီ၍ ပြန်ဆောက်ပေးရန် တောင်းဆို

ပုသိမ်၊ ဇန်နဝါရီ ၂၈ ။           ။ ဇလွန်မြို့နယ်၊ ဇလွန်ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများနေထိုင်ရန် ဆောက်လုပ်သည့်အဆောက်အဦ စံချိန်မမှီသောကြောင့် အသစ်ပြန်လည်တည်ဆောက်ပေးရန် ဒေသခံများက တောင်းဆိုထားသည်။

“စံချိန်စံနှုန်းမှီသော အဆောက်အဦ ပြန်လည်ရဖို့ပဲ မျှော်လင့်တယ်၊အချိန်ကာလ ကြာမယ်ဆိုလည်း ကျွန်တော်တို႔ စောင့်မယ်၊ပျက်ယွင်းသွားတယ် တာဝန်မကျေတဲ့ ကုမ္ပဏီကိုတော့ ထိုက်တန်တဲ့တရားစွဲမှု အရေးယူဆောင်ရွက်မှုက အစိုးရက လုပ်ရမဲ့အပိုင်းပေါ့။ ဒါတွေကို မျှမျှတတလုပ်ပေးမယ်ဆိုရင် ပြည်သူတစ်ယောက်အနေနဲ႔ ကျေနပ်ပြီးသားပါ”ဟု ဇလွန်မြို့နယ်နေသူ ဦးအေးနိုင်က မဇ္စျိမသို ့ပြောသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၄၀၀ ဖြင့် ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦအား ဆောင်းဟေမာန် ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

“ စံချိန်စံနှုန်း မမီခဲ့တဲ့အတွက် ပြဿနာတွေ ဖြစ်ခဲ့တယ်၊ ဒါကို ဌာနဆိုင်ရာရော၊ ပြည်ထောင်စုဝန်ကြီးဌာန ဆုံးဖြတ်ချက် ရှင်းနေပါတယ်၊ အသစ်ပြန်ဆောက်ဖို့ပါ။ နှစ်ဦးနှစ်ဖက် ချုပ်ဆိုထားတဲ့ စာချုပ်သဘောတရားအရ ဒီလုပ်ငန်းကို ပြီးစီးအောင် ဆောက်ဖို့က ကုမ္ပဏီတာဝန်ပဲ”ဟု ဇလွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။

ပြည်သူလူထု သဘောထားဆန္ဒအနေဖြင့် ပြန််လည်ဆောက်လုပ်လိုကြောင်း တွေ့ရသည်ဟု ဇလွန်ဆေးရုံ ဝန်ထမ်းများနေထိုင်မည့် အဆောက်အဦနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောထားသည်။

ထို့ကြောင့် ဇလွန်မြို့နယ်၊ ကျန်းမာရေးဝန်ထမ်းများနေထိုင်ရန် ၄ ခန်းတွဲ ၄ ထပ်အဆောက်အဦ ဆောက် လုပ်မှုအား  တိုင်းဒေသကြီးတည်ဆောက်မှုကြီးကြပ်ကော်မတီမှလည်း စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊ ပြင်ပညာရှင်များ စစ်ဆေးခြင်းများ ပြုလုပ်နေခဲ့ကာ ဇန်နဝါရီလ ၂၆ ရက်နေ့က ဇလွန်မြို့နယ်၊ ဆေးရုံတွင် စစ်ဆေးတွေ႔ရှိချက်များအား ပြည်သူများအား ရှင်းလင်းချပြခဲ့သည်။

ကြီးကြပ်မှုအားနည်းခဲ့ကြောင်း တာဝန်ယူဆောက်လုပ်သည့် ဆောင်းဟေမာန်ကုမ္ပဏီဘက်မှ ဇလွန်ဆေးရုံတွင် ကျင်းပပြုလုပ်သည့် မြို့နေပြည်သူများနှင် အဆောက်အဦကိစ္စနဲ့ပတ်သက်ပြီးရှင်းလင်းသည့်တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည် ။

“အဓိကတော့ ကြီးကြပ်မှု အားနည်းတာ၊ ဒီလို ဟာကွက်လေးတွေက ကျွန်တော်တို့အတွက် ဘာအကျိုးစီးပွားမှ မဖြစ်ဘူး၊ ကျွန်တော်တို ့ပေါ့ဆမှု၊ စီမံမှုအားနည်းလို့ အပြစ်အနာဆာလေးတွေ ဖြစ်ပါတယ်”ဟု ဆောင်းဟေမာန် ကုမ္ပဏီတာဝန်ရှိသူက ဇလွန်ပြည်သူ့ဆေးရုံတွင် ပြည်သူများနှင့်တွေ ့ဆုံပွဲတွင် ပြောသည်။

အဆောက်အဦ သတ်မှတ်စံနှုန်းမညီမှုသည် ကုမ္ပဏီဘက်မှ ပျက်ကွက်မှုဖြစ်သောကြောင့် အသစ် ပြန်ဆောက် ပေးစေလိုကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly