စိုက်ပျိုးစရိတ်ထုတ်ချေးငွေ ပြန်မဆပ်သည့် တောင်သူများကို အရေးယူမည်

စိုက်ပျိုးစရိတ်ထုတ်ချေးငွေ ပြန်မဆပ်သည့် တောင်သူများကို အရေးယူမည်

ပုသိမ်၊ ဇန်နဝါရီ ၂၇ ။           ။ စိုက်ပျိုးစရိတ်ထုတ်ချေးငွေများတွင် ပြန်မဆပ်သည့်တောင်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က မဇ္စျိမသို့ ပြောသည်။

  “မဆပ်ဘူးဆိုတဲ့အပိုင်းမှာ ကွင်းဆင်းပြီး စစ်ဆင်ရေးတစ်ခုလို လုပ်နေတယ်၊ စိစစ်လိုက်တဲ ့အခါ လယ်သမား အမှန်၊ ကျန်တဲ့သူ လယ်မြေကို တကယ်ပိုင်ဆိုင်တယ်၊ ပုံစံ-ရထွက်တဲ့ ထုတ်ချေးစဉ်အခါ သူ့ဘက်က ရိုးရိုးသားသား ဖြစ်ခဲ့တယ်၊စီးပွားရေးအခြေအနေအရသော်လည်းကောင်း၊ ရာသီဥတုအခြေအနေအရ သော်လည်းကောင်း ငွေကြေးအဆင်မပြေလို ့မဆပ်နိုင်ဘူး၊ ဒီလိုလူမျိုးတွေက မဆပ်တဲ့ အပြစ်တစ်ခုက လွဲပြီး ကျန်တာ အပြစ်မရှိဘူး၊သူတို့ေတော့ နောက်ဆုံးမှာ အရေးယူမယ်၊ ရအောင်တောင်းမယ် ”ဟု ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။

 စိုက်ပျိုးစရိတ်ချေးငွေအဖြစ် လယ်တစ်ဧကကို ကျပ် တစ်သိန်းငါးသောင်းနှုန်းဖြင့် လယ်သမားတစ်ဦးလျှင် အများဆုံဆယ်ဧကအထိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးထားခြင်း ဖြစ်သည်၊

 မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် လယ်ဧက မမှန်မကန်ဖြင့် ထုတ်ချေးသူများကို ဦးစားပေး အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

 “ ဆပ်နိုင်တဲ့သူကလည်း မဆပ်ဘူး၊ စီးပွားရေးအရ အဆင်မပြေတဲ့သူကလည်း ပိုက်ဆံမရှိလို မဆပ်ဘူး၊။ ပိုက်ဆံ မရှိလို့ မဆပ်တဲ့သူရယ်၊ ရှိပါရက်နဲ ့မဆပ်တဲ့သူရယ်။ သူတို့ကို ဟိုလူတွေထက်စာရင် ပို ဦးစားပေး အရေးယူမယ်” ဟု ဦးသန်းဌေးအောင်က ပြောသည်။

 ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ၊ ဆောင်းစပါးစိုက်ပျိုးစရိတ် ချေးငွေမှ ၂၀၁၇ ခုနှစ် မိုးစပါး၊ဆောင်းစပါး စိုက်ပျိုးစရိတ်ချေးငွေအထိ ကြွေး၁၂ မျိုးတွင် ကြွေးကျန် ၁၂၅.၃၄ ဘီလီယံ အထိ တောင်သူများက ပေးရန် ကျန်ရှိနေခြင်း ဖြစ်သည်။

“အထွက်နှုန်းကလည်း လျော့တယ်၊ထုတ်လုပ်တဲ့ ဆန်စပါးတွေ စျေးမကောင်းဘူး။ အဲဒီကာလကျော်လွန်လာတော့ လယ်သမားတွေ အကြွေးနွံနစ်ပြီးတော့ နောက်ဆုံးမှာတော့  အခုလိုမျိုး အစိုးရ ဘဏ်ကြွေးမဆပ်နိုင်တဲ့ အခြေအနေတွေ ဖြစ်ရတာ၊အစိုးရက အခုလိုမျိုး ပြန်လုပ်မယ်ဆိုရင်တော့ တချို့လယ်သမားတွေ လယ်ပျောက်မယ်၊မဆပ်နိုင်တဲ့ လယ်သမားက လယ်ဆုံးမှာပေါ့”ဟု ဘိုကလေးမြို့နယ်၊တောင်သူ ဦးပြည့်ဖြိုးအောင်က မဇ္စျိမသို႔ ပြောသည်။

 စိုက်ပျိုးစရိတ်ချေးငွေ အများဆုံး ပြန်မဆပ်နိုင်သည့် မြို့နယ်များမှာ ဘိုကလေး၊ မော်ကျွန်း၊ လပွတ္တာ၊ ၀ါးခယ်မ ဒေးဒရဲမြို့နယ်တို႔ ဖြစ်သည်။

 လက်ရှိတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် အချိန်စေ့ကြွေးကျန်များ ကောက်ခံရေး စီမံချက်များ ရေးဆွဲထားပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် မတ်လအထိ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly