ဒေါ်အောင်ဆန်းစုကြည် မှော်ဘီမူလွန်ကျောင်းနဲ့ လှိုင်သာယာကျောင်းများကို သွားရောက်

ဒေါ်အောင်ဆန်းစုကြည် မှော်ဘီမူလွန်ကျောင်းနဲ့ လှိုင်သာယာကျောင်းများကို သွားရောက်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဇန်နဝါရီ ၂၅ ။              ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လှိုင်သာယာမြို့နယ်က စာသင်ကျောင်းတွေကို ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ လှည့်လည်စစ်ဆေးခဲ့ပါတယ်။

စာသင်ကျောင်းက ကလေးတွေကို ကဗျာဆိုခိုင်းတာတွေ၊ စာမေးတာတွေအပြင် ကျောင်းသားကျောင်းသူ တွေကို ဝါသနာပါရာ လုပ်ဆောင်ကြဖို့ သူက မှာကြားခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းက အထက ၁ ၊ အလက ၅(အထက်တန်းကျောင်းခွဲ)၊ အမက (၅) ကျောင်း ၃ ကျောင်း ကို ကြည့်ရှုခဲ့တာပါ။

ဒီလိုစစ်ဆေးခဲ့ရာမှာ လိုအပ်တဲ့ ကျောင်းသုံးအသုံးအဆောင်တွေနဲ့ ကျောင်းရဲ့လိုအပ်ချက်တွေကို ကျောင်း တာဝန်ရှိသူတွေက တင်ပြခဲ့ပြီး ဒီတင်ပြချက်တွေကို ဖြည့်ဆည်းပေးဖို့ ပညာရေးဝန်ကြီးနဲ့ သက်ဆိုင်ရာ တိုင်းဝန်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။

သူဟာ မနက်ပိုင်းကလည်း မှော်ဘီမြို့က စာသင်ကျောင်းတွေကို သွားကြည့်ခဲ့ပါသေးတယ်။ ဒါအပြင် ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည်ပိုင်းကလည်း ပန်းဘဲတန်းမြို့နယ်က စာသင်ကျောင်းတစ်ကျောင်းကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လာရောက်တာကို စောင့်မျှော်ကြိုဆိုနေတဲ့ လူတွေလည်း ရှိနေပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီး တိုင်ကြားတဲ့ စာတွေကိုလည်း တိုင်ကြားစာလက်ခံရေးကော်မတီက လက်ခံရယူခဲ့တာတွေ့ရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly