ဧရာဝတီတိုင်း အနောက်ဘက်ကမ်းခြေဖွံ့ဖြိုးတိုးတက်ရေး အထူးအလေးပေးဆောင်ရွက်နေ

ဧရာဝတီတိုင်း အနောက်ဘက်ကမ်းခြေဖွံ့ဖြိုးတိုးတက်ရေး အထူးအလေးပေးဆောင်ရွက်နေ

ပုသိမ်၊ ဇန်နဝါရီ ၂၄ ။             ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ အနောက်ဘက်ကမ်းခြေဖွံဖြိုးတိုးတက်ရေးအတွက် အထူးအလေးပေး ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီးဦးဌေးဝင်းက ဇန်နဝါရီလ ၂၄ရက်တွင် ကျင်းပသော တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

အိမ်မဲမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီထွန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း စီးပွားရေးနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် သော်လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်း စီမံကိန်းများ၊ အကျိုးတူ စီးပွားရေးလုပ်ငန်းများစသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို လက်ရှိအချိန်အထိ အကောင်အထည်ဖော်ဆောင် သွားမည့် စီမံကိန်းလုပ်ငန်းများ၏ အစီအစဉ်အား သိရှိလိုကြောင်း တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်း ခဲ့ရာ ဦးဌေးဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အနောက်ဘက်ကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဧရာဝတီတိုင်း ဒေသကြီး ဂေါ်ရန်ဂျီမှ ငွေဆောင်၊ ချောင်းသာရွှေသောင်ယံ-မကျီးစင်-ကျောက်ချွန်းမှ ရခိုင်ပြည်နယ် ဂွ-သံတွဲ အထိ မိုင်၁ရဝရှိတဲ့ ကမ်းခြေပတ်လမ်းစီမံကိန်းကို ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ ့နှင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ ့တို ့ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံဘဏ္ဍာဝန်ကြီးဦးဌေးဝင်းက တိုင်းလွှတ်တော်တွင်ပြောသည်။

ထို့အပြင် ကမ်းခြေတစ်လျောက်ဖြစ်ထွန်းပေါ်ပေါက်လာနိုင်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ရေနက် ဆိပ်ကမ်း၊ အကြီးစားစက်မှုဇုန်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အဝေးပြေး မော်တော်ကား လမ်းနှင့် မီးရထားလမ်းများ၊အဆင့်မြင့်အိမ်ရာစီမံကိန်းများနှင့် ချိတ်ဆက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှု အခြေပြမြေပုံကို စနစ်တကျ ရေးဆွဲပြီး ၊အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်ပုံစံ၊နိုင်ငံတော် ဘဏ္ဍာငွေပုံစံတို့ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးကို လုပ်ဆောင်နေကြောင်း စီမံဘဏ္ဍာဝန်ကြီးဦးဌေးဝင်းက ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly