စမ်းချောင်းဗဟိုလမ်းမီးလောင်မှုတွင် လူ ၃ ဦး သေဆုံး

စမ်းချောင်းဗဟိုလမ်းမီးလောင်မှုတွင် လူ ၃ ဦး သေဆုံး
ဓာတ်ပုံ-Myanmar Fire Services Department

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ။        ။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ကျိုက်လတ်လမ်းထောင့်တွင် ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ ၊နံနက် ၅ နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့သည်ဟု စမ်းချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက အတည်ပြုပြောဆိုသည်။

သေဆုံးသူမည်သူမည်ဝါဖြစ်သည်ကို အသေးစိတ်မသိရှိရသော်လည်း ကျား ၂ ဦး ၊ မ ၁ ဦး သေဆုံးခြင်းလည်း ဖြစ်သည်။

“မီးလောင်ပြင်ကနေတွေ့တာ၊ အစ်ကိုတို့ရောက်တုန်းကတော့ ၂ လောင်းပေါ့၊ ပြီးတော့ ၁ လောင်းထပ်တွေ့တယ်၊ စုစုပေါင်း ၃ လောင်းပါ” ဟု ဦးအောင်မျိုးက ဆိုသည်။

စမ်းချောင်းမြို့နယ် လင်းလွန်တောင်ရပ်ကွက်၊ ဗဟိုလမ်း နှင့်ကျိုက်လတ်လမ်းထောင့်ရှိ ငွေတောင်လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဦးမြခိုင်၏ နေအိမ်တွင် ဂတ်စ်အိုးမီးဖွင့်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

မီးလောင်မှုသည် နံနက် ၅ နာရီခွဲခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်မှ Level 2 အဆင့် သတ်မှတ်ကာ မီးငြိမ်းသတ်ခဲ့သည်။

အသေးစိတ်အချက်အလက်များ ရရှိရန် မဇ္စျိမသတင်းဌာနမှ ဆက်လက်စုံစမ်းနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly