တိုင်ကြားခံထားရမှုနှင့်ပတ်သက်ပြီး ဆက်လက်ဖြေရှင်းသွားမည်ဟု တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ပြော

တိုင်ကြားခံထားရမှုနှင့်ပတ်သက်ပြီး ဆက်လက်ဖြေရှင်းသွားမည်ဟု တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ပြော

ပုသိမ်၊ ဇန်နဝါရီ ၂၁ ။         ။ တိုင်ကြားခံထားရမှုနှင့်ပတ်သက်ပြီး ဆက်လက်ဖြေရှင်းဆောင်ရွက်သွားဖို့ ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် က ပြောသည်။

“ ဘာကြောင့် လုပ်ရသလဲ ပြောရင် ၂၀၁၇-၁၈ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အသုံးပြုဖို့ မော်တော်ယာဉ် ကား ၅ စီးနဲ ့ပတ်သက်ပြီး ကျွန်တော် တစ်ယောက်တည်းသဘောထားနဲ့ လုပ်တာခဲ့တာ မရှိသလို ကျွန်တော်တို ့ကော်မတီအဖွဲ ့တွေ အားလုံးပေါင်း ၉ ဦးပါဝင်တဲ့အဖွဲ ့တွေ၊ ဌာနဆိုင်ရာပါ ပါဝင်တဲ့အဖွဲ ့တွေ တိကျစွာ ဆောင်ရွက်ခဲ့ပါတယ်၊ အခု ဘာဖြစ်သွားလဲဆိုတော့ ဒီလိုသတင်းတွေ တက်လာတဲ့အပေါ်မှာ ဧရာဝတီတိုင်းလွှတ်တော် ဂုဏ်သိက္ခာကိုလည်း ထိပါးစေတယ်၊ နောက်တစ်ခုက ကျွန်တော်နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဂုဏ်သိက္ခာတွေ ကျွန်တော်တို့နဲ့အတူ အပင်ပမ်း၊ ဆင်းရဲခံ ဆောင်ရွက်ခဲ့တယ်။ ဌာနဆိုင်ရာတွေရယ်၊ ဂုဏ်သိက္ခာတွေများစွာထိခိုက်နစ်နာတဲ့အပြင် ကျွန်တော်နဲ့ ကျွန်တော့မဲန္ဒနယ်မြေမှာရှိတဲ့ ပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန် ့မှုတွေရော၊ ပြည်သူတွေစိတ်ခံစားမှု ဝေဒနာတွေပါ ဖြေဖျောက်သွားနိုင်ဖို ့ကျွန်တော်ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို ့ရှိပါတယ်။ ဒါတွေ အားလုံး နောက်ဆုံးဖြေရှင်းပြီးတဲ့အချိန်အထိ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားဖို႔ ရှိပါတယ်” ဟု ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ဝယ်ယူခဲ့သည့်လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ပါတီရုံးချုပ်တွင် ဦးစံမင်းအောင်ကို ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ဇန်နဝါရီလ ၁၅ ရက်က NLD ပါတီမှ အပြီး ထုတ်ပယ်ခဲ့သည်။

“ ပါတီက နောက်ဆုံးအကြိမ် ဇန်နဝါရီလ ၁၃ ရက်နေ ့မှာ စာထုတ်တာကို သတင်းမီဒီယာတွေက သိရတာပဲ ရှိတယ်၊ အခုအချိန်အထိ အော်ဒါ ကျွန်တော်ဆီ မရောက်သေးဘူး။ ဘာအကြောင်းအရာအခြေခံလဲ ဆိုတာ ကျွန်တော် မသိသေးဘူး။ မီဒီယာတွေအပေါ်မှာ ပေါ်ပေါက်လာတဲ ့ဖြေကြားချက်တွေအပေါ်မှာ ကြားသိရတာ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာအသုံးပြုဖို ့အတွက် ကား ၅ စီး ဝယ်ယူရေးကိစ္စနဲ႔ပတ်သက်ပြီး အလွဲသုံးစားပြုခဲ့တယ်ဆိုပြီး ပါတီက ထုတ်ပယ်လိုက်ကြောင်း ကျွန်တော် သိရတယ်။ ပါတီဗဟိုကို ဆက်သွယ်တဲ့အခါမှာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီအမိန့်နဲ႔ ပတ်သက်ပြီး မကျေနပ်ရင် အယူခံနိုင်ပါတယ် ပြောကြားပေမဲ့ ကျွန်တော့ကို အခုအချိန်အထိ ထုတ်ပယ်ခဲ့သော အော်ဒါ၊ တိကျသော ခိုင်မာသော အချက်အလက် မရသေးပါ။ စာရွက်စာတမ်း အချက်အလက် မရသေးပါဘူး။ အချက်အလက် တွေပေါ် မူတည်ပြီးမှ ဘယ်လိုစွပ်စွဲခဲ့တယ်၊ ဘယ်လို သုံးသပ်ခဲ့တယ် အပေါ်မှာ မူတည်ပြီးတော့ ဖြေရှင်းချက် ပြန်လည်တင်ပြရမှာဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်အား ပါတီမှ စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်သို့ စာပေးပို့အကြောင်းကြားသွားမည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က မဇ္စျိမသို့ အတည်ပြုပြောဆိုထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၏ သဘောထားအတိုင်း နာခံသွားမည် ဟုလည်း ၎င်းက ဆိုသည်။

“ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်တာ တိုင်းဒေသကြီးမှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်မြှောက်ထားလို ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတာပါ။ ပါတီကနေ ရွေးချယ်ပြီး တင်မြှောက်ထားတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို တိုင်းဒေသကြီးလွှတ်တော် သဘောထား ဆုံံးဖြတ်ချက်အပေါ်မှာ နာခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ”ဟု ဒုတိယအကြိမ် ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်တွင်  ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က မီဒီယာများကို ပြောသည်။

“စာရောက်ပြီးမှပဲ၊ စာရောက်ပြီးမှ ဆက်လက်ဆောင်ရွက်မဲ့ကိစ္စတွေ ပြောပြရစေ၊ရှေ ့ဆက်လုပ်ရမဲ့ လုပ်ငန်းစဉ် ပတ်သက်ပြီးတော့ ရှေ့ဆက်လုပ်ရမဲ့လုပ်ငန်းစဉ်တွေက အသေးစိတ် မသိသေးတော့ မပြောနိုင်သေးပါဘူး။ အခုအချိန်အထိ ကျွန်တော် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒုယတိဥက္ကဋ္ဌ၊ ဘိုကလေးမြို့နယ် မဲဆန္ဒ နယ်မြေ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆက်လက်ရပ်တည်လျက် ရှိနေပါတယ် ” ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းလွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ဝယ်ယူရာတွင် အလွဲသုံး စားမှု ပြုလုပ်သည်ဟုဆိုပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို တိုင်ကြားခံထားရခြင်းဖြစ်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့လည်း NLD မှ စာပေးပို့အကြောင်းကြားရန် စီစဉ်ထားသည် ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required