ရန်ကုန်တိုင်းကိုယ်စားပြု လာဘ်ကောင်ပုံစံ ပြိုင်ပွဲမှ အနိုင်ရရှိသူကို အစိုးရ ကြေညာ

ရန်ကုန်တိုင်းကိုယ်စားပြု လာဘ်ကောင်ပုံစံ ပြိုင်ပွဲမှ အနိုင်ရရှိသူကို အစိုးရ ကြေညာ
 ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော ပြိုင်ပွဲဝင်ပုံစံ J ၏ ပစ်တိုင်းထောင်လာဘ်ကောင်/ ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

ဇန်နဝါရီလ ၁၂ရက် ။         ။ ရန်ကုန်တိုင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတွင် အသုံးပြုမည့် ရန်ကုန်တိုင်းကိုယ်စားပြု လာဘ်ကောင်ပုံစံ ပြိုင်ပွဲမှ အနိုင်ရရှိသူကို တိုင်းအစိုးရက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ လာဘ်ကောင်အရုပ်များ ရန်ကုန်တိုင်းအတွင်းထားရှိမှုနှင့်ပတ်သက်ပြီး ပာုိတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမောင်စိုး က “ ရန်ကုန်တိုင်းမှာ ရှိတဲ့ ဌာနာ ဆိုင်ရာ က ပွဲလမ်းသဘင်တွေ ၊ လူစည်ကားတဲ့အထင်ကနေရာတွေပေါ့။  ပွဲလမ်းသဘင်တွေမှ မဟုတ်ပါဘူး ။ ဥပမာ-ရန်ကုန်လေဆိပ်လို႔ နေရာမျိုးတွေ ၊ဆူးလေ ၊ ရွှေတိဂုံ ဒါမျိုးနေရာတွေမှာ အဲဒီ အရုပ်ကိုပဲ အသုံးပြု ထားရှိသွားမှာပါ၊ အခုက ဆုပေးဦးမှာပါ ဆုပေး ပြီးသွားရင်တော့ စပြီး အကောင်ထည်ဖော်တော့မှာပါ။ ဆုကြေးအနေနဲ ့ကတော့ ငွေသား သိန်း၂၀ ချီးမြှင့်သွားမှာပါ ” ဟု မဇ္ဈိမ သို့ ပြောသည်။

ပြိုင်ပွဲဝင် J သည် လာဘ်ကောင်ပုံစံ ပစ်တိုင်းထောင်ရုပ် အထီးအမတစ်စုံ (mascot design) ကို ရန်ကုန်တိုင်း ဒေသကြီး ခရီးသွားလာရေး လုပ်ငန်းမြှင့်တင့် ရေးလုပ်ငန်းတွင် အသုံးပြုသွားရန် တင်ပြယှဉ်ပြိုင်ခဲ့ပြီး  တိုင်း အစိုးရမှ ချမှတ်ထားသည် ပစ်တိုင်းထောင် ရုပ်ကိုအခြေခံက ရန်ကုန်တိုင်းရှိ ထင်ရှားသော အထိမ်းအမှတ် တံဆိပ်များ၊ အအောက်အုံများ ၊မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဌာန ရန်ကုန်မြို့တော်ခန်းမ၏ ပင်မ ခေါင်မိုးပုံသဏ္ဌာန်များကို ပုံဖော်၍ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပစ်တိုင်းထောင် လာဘ်ကောင်၏ အဓိက အရောင်မှာ ခရမ်းရောင်ဖြစ်ပြီး ခရမ်းရောင်နှင့် လိုက်ဖက် ညီသော အနီရောင် ၊ အဝါရောင် ၊ ဖက်ဖူးစိမ်းရောင် ၊ အသားရောင်တို့ကို အဓိက အသုံးပြုထားပြီး အထီးအမ တစ်စုံ (mascot design) ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲအတွက်  ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အများပြည်သူ ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ယံအထိ မဲပေးမှု များကို လက်ခံခဲ့ကာ ဖုန်းနံပါတ်ပေါင်း ၁၂၂၈ ခုမှ SMS ပေါင်း ၁၃၉၇ ခုပေးပို့ခဲ့ကြကြောင်း တိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly