သီဟတင်စိုးအမှုမှ အာမခံရထားသည့် ပွဲစားဒေါ်ညို လာရောက်ခြင်းမရှိသဖြင့် ရုံးချိန်းပြန်လည်ချိန်းဆို

သီဟတင်စိုးအမှုမှ အာမခံရထားသည့် ပွဲစားဒေါ်ညို လာရောက်ခြင်းမရှိသဖြင့် ရုံးချိန်းပြန်လည်ချိန်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၃ ။             ။ သရုပ်ဆောင် သီဟတင်စိုးအား အဓမ္မပြုကျင့်မှုဖြင့် လီဆယ်တိုင်တန်းသည့်အမှုမှ အာမခံရထားသည့် ပွဲစားဒေါ်ညို နှင့် အတူ ၄င်း၏ ရှေ့နေတို့သည် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ လာရောက်ခြင်းမရှိသဖြင့် ရုံးချိန်းကို ဇန်နဝါရီလ တတိယအပတ်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။

 “ဘာမှာထပ်မပြောချင်တော့ဘူး။ ပြောရလွန်းလို့လည်း မောလည်းမောနေပြီ။ ပြောစရာစကားလည်း မရှိတော့ဘူး” ပာု သရုပ်ဆောင်သီပာတင်စိုးက  ဇန်နဝါရီ ၃ရက်နေ့ ရုံးချိန်းအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

 သရုပ်ဆောင် သီဟတင်စိုးက အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်ကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၄ရက် ညနေပိုင်းက တိုင်းတန်းခံရသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၃၈၆/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အိမ်အကူ ဒေါ်ခင်မာမြင့်သည် စားဝတ်နေရေးအခက်အခဲကြောင့် ပွဲစားဖြစ်သူ ဒေါ်ညို၏ အဆက်သွယ်ဖြင့် သီဟတင်စိုး အိမ်တွင် ဇူလိုင်လ ၅ရက်က အလုပ်စဝင်ခဲ့ကြောင်း ထိုသို့ လုပ်ကိုင်နေစဉ် ပွဲစားဒေါ်ညိုမှ သီဟတင်စိုး၏ ဇနီးဖြစ်သူဒေါ်ဇင်မာဦး မရှိစဉ် သီဟတင်စိုးက သူ့ကို သားမယားပြုကျင့်သည်ဟု ဆိုကာ လိမ်ညာ ပြောဆိုပြီး အမှုဖွင့်ရန် သင်ပေးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

 အဆိုပါ အမှုတွင် ပါဝင်သော ဒေါ်ခင်မာမြင့်၊ဒေါ်ညိုနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ဒေါ်မြင့်တို့ကို ပုဒ်မ ၃၈၉ဖြင့်လည်းကောင်း အိမ်အကူ ဒေါ်ခင်မာမြင့်ကို လီဆယ်တိုင်တန်းမှုအတွက် ပုုဒ်မ ၂၁၁ တို ့ဖြင့် လည်းကောင်း တရားစွဲဆိုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly