မကွေး ရေနံလက်ယက်တွင်းများမှ အခွန်ငွေစုစုပေါင်း ကျပ်ငွေသန်းပေါင်း(၈၀၀၀)ကျော် ရရှိ

မကွေး ရေနံလက်ယက်တွင်းများမှ အခွန်ငွေစုစုပေါင်း ကျပ်ငွေသန်းပေါင်း(၈၀၀၀)ကျော် ရရှိ

မကွေး၊ဒီဇင်ဘာ ၂၈ ။          ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်းများမှ ရရှိသော အခွန်ငွေသည် အစိုးရသက်တမ်း ၂ နှစ်ခွဲ ကာလအတွင်း ကျပ်ငွေသန်းပေါင်း(၈၀၀၀)ကျော် ရရှိခဲ့ကြောင်း မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။

အဆိုပါ အခွန်ငွေ ရရှိမှုသည် ၂၀၁၆ခုနှစ် ဧပြီ(၁)ရက်နေ့မှ ၂၀၁၈နှစ်အထိ အစိုးရသက်တမ်း ၂နှစ်ခွဲ အတွင်း ရရှိခဲ့သော ငွေများဖြစ်ကြောင်း သိရသည်။

 “အရင်အစိုးရ လုပ်ခဲ့တဲ့ ၂၀၁ဝမှ ၂၀၁၅ခုနှစ်အတွင်း ရခဲ့တဲ့ ကျပ်ငွေသန်းပေါင်း (၇၀၀၀)ကျော်ရှိပါတယ်။ ငွေသားပြန်ရတာက ကျပ်ငွေသန်းပေါင်း(၃၂၇၉)သန်းရှိတယ်။ အရင်အစိုးရ လုပ်ခဲ့တဲ့ (၅)နှစ်အတွင်းရခဲ့တဲ့ ငွေပမာဏကို ကျွန်တော်တို့အစိုးရလက်ထက် သက်တမ်း(၂နှစ်ခွဲ)နဲ့ ကျော်သွားပါပြီ” ဟု ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုက ပြောသည်။

ဒီဇင်ဘာ ၂ရရက်နေ့တွင် ဒေသခံသတင်းမီဒီယာများနှင့် ဝန်ကြီးချုပ်တို့ တိုင်းအစိုးရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားခြင်းဖြစ်သည်။

ထိုအပြင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကျေးရွာပေါင်း ၂၉ ရွာတွင် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်ပေါင်း ၂ သောင်းကျော်၊ အစိုးရထည့်ဝင်ငွေ ကျပ်သိန်း ၄၉၀၀ ကျော်ဖြင့် လျှပ်စစ်မီးပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly