အောင်မြေသာစံမြို့နယ် NLD ရုံး ဆောက်ရန် ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

အောင်မြေသာစံမြို့နယ် NLD ရုံး ဆောက်ရန် ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

မန္တလေး၊ ဒီဇင်ဘာ ၂၈ ။        ။ မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးပိုင်မြေနေရာနှင့် အဆောက်အဦဆောက်လုပ်ရန်အတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲ 2019 Mandalay Show ကို (၂၀၁၉)ခုနှစ် ဇန်နဝါရီ (၁၃)ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖျော်ဖြေပွဲအတွက် ဒီဇင်ဘာ(၂၈)ရက် နေ့လယ်(၁)နာရီက မန္တလေး နန်းရှေ့ရှိ  ကြိုင်သင်း လက်ဖက်ရည်ဆိုင် တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

2019 Mandalay Show ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် တေးသံရှင် လင်းလင်း၊ ရန်ရန်ချမ်း၊ ချစ်သုဝေ၊ အိမ့်ချစ်၊ ငွေစိုး၊ အောင်ကြီး၊ စိုးထက်၊ ထက်ယံ၊ OASIX, J Fire, Ice Cold, Team (143)၊ ခိုင်မြဲသစ္စာ၊ ပြုံးမြသွယ် တို့က လာရောက် ဖျော်ဖြေမည်ဖြစ်ပြီး Mystery Band က တီးခတ်ဖျော်ဖြေမည်ဖြစ်သည်။

အဆိုပါပွဲလက်မှတ်ခများမှာ (၃)သောင်း၊ (၂)သောင်း၊ (၁)သောင်း သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ လှိုင်းတေးသံသွင်း၊ 501 Men' Collection, O Zone Store, Generation Cafe တိို့တွင် (၂၀၁၈)ခုနှစ် ဒီဇင်ဘာ (၃၁)ရက် စတင်၍ ရောင်းချပေးသွားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးပိုင်မြေနေရာ နှင့် အဆောက်အဦးဆောက်လုပ်ရန်အတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲ 2019 Mandalay Show ကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအနီးရှိ Yadanarbon Event Park တွင် (၂၀၁၉)ခုနှစ် ဇန်နဝါရီ (၁၃)ရက် ည(၇)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly