2018 MFF-MNL Award Night Ceremony ဆုပေးပွဲ ကျင်းပ

2018 MFF-MNL Award Night Ceremony ဆုပေးပွဲ ကျင်းပ

ဒီဇင်ဘာ ၂၇ ။      ။  မြန်မာနိုင်ငံဘောလုံးအဖွဲအချုပ် နှင့် မြန်မာ နေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှုးကျင်းပသည့် 2018 MFF-MNL Award Night Ceremony ဆုပေးပွဲကို ရန်ကုန်မြို့ ၊ Novotel ဟိုတယ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးနည်းပြဆုကို ရန်ကုန်ယူတိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဦးမျိုးမင်းထွန်းက ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုကို  လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၏ ကွင်းလယ်လူ မောင်မောင်လွင်က ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို ဧရာဝတီယူနိုက်တက်အသင်းနှင့် လက်ရွေးစင်ကွင်းလယ်လူ လွင်မိုးအောင်က ရရှိခဲ့ပါတယ်။

အမျိုးသမီးဘောလုံးသမား အကောင်းဆုံးဆုကို လက်ရွေးစင်တိုက်စစ်မှူး ခင်မာလာထွန်းက ရရှိခဲ့ပြီး အမျိုးသမီးလူငယ်အကောင်းဆုံး ကစားသမားဆုကို လူငယ်တိုက်စစ်မှူး မြတ်နိုးခင်က ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ရန်ကုန်ယူနိုက်တက်အသင်းအား ချန်ပီယံဆုဖလားနှင့် ဆုကြေးငွေကျပ်သိန်း ၃၀၀ ချီးမြှင့်ခဲ့ပါတယ်။

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပထမဆု  ရန်ကုန်ယူနိုက်တက်အသင်းအား ချန်ပီယံဆုဖလားနှင့်အတူ ဆုကြေးငွေကျပ်သိန်း ၁၀၀၀၊ ဒုတိယဆု ရရှိခဲ့သော ရှမ်းယူနိုက်တက်အသင်းအား ဆုကြေးငွေကျပ်သိန်း ၇၅၀ နှင့် တတိယဆု ရရှိခဲ့သော ဇွဲကပင်ယူနိုက်တက်အသင်းအား ကျပ်သိန်း ၅၀၀ အသီးသီးချီးမြှင့်ပေးခဲ့ပါတယ်။

AFF Futsal Club Championship 2018 ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော MIC ဖူဆယ်အသင်း၊ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် အာဆီယံယူ-၁၆ ချန််ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ယူ-၁၆ အမျိုးသမီးအသင်းအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပါတယ်။

အာဆီယံယူ-၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိခဲ့သော မြန်မာယူ-၁၉ အသင်းနှင့့်  ယူ -၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော မြန်မာယူ-၂၁ အသင်းအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ပါတယ်။

MPT Myanmar National League I 2018 ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု Fair Play Awards အား စစ်ကိုင်းယူနိုက်တက်အသင်းနဲ့  MPT Myanmar National League II 2018 ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု Fair Play Awards ယူနီဗာစတီအသင်းက ရရှိသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly