ဒါရိုက်တာမိုက်တီးအမှုတွင် တရားလိုအပါအဝင် လိုပြသက်သေ ၃ ဦးကိုစစ်ဆေး

ဒါရိုက်တာမိုက်တီးအမှုတွင် တရားလိုအပါအဝင် လိုပြသက်သေ ၃ ဦးကိုစစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ။          ။ မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆိုခံထားရသည့် ဒါရိုက်တာမိုက်တီးအမှုတွင် တရားလိုရဲအုပ်ညွန့်ဝင်းအပါအဝင် တရားလိုပြသက်သေ ၃ ဦးကို တာမွေမြို့နယ်တရားရုံးကစစ်ဆေးခဲ့သည်။

လိုပြသက်သေစစ်ဆေးရန် တာမွေတရားရုံး တွဲဖက်မြို့နယ်တရားသူကြီး ၁ က ဒီဇင်ဘာ ၂ရသို့ ချိန်းဆိုခဲ့ခြင်း ဖြစ်ပြီး နောက်ရုံးချိန်းကို ဇန်နဝါရီ  ၉ ရက်သို့ပြန်လည်ချိန်းဆိုခဲ့သည်။ ဒီဇင်ဘာ ၂၇ ရက်ရုံးချိန်းတွင် ဒါရိုက်တာ မိုက်တီးနှင့်အတူ အဆိုတော် အစ္စဏီကိုပါရုံးထုတ်လာခဲ့သည်ကိုလည်းတွေ့ရသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒါရိုက်တာ မိုက်တီးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ) ဖြင့်ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်သည်။

သြဂုတ်လ ၁၆ ရက်နေ့က တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက် အရှေ့ မြင်းပြိုင်ကွင်းလမ်း အထက (၃) ရှေ့တွင် မော်တော်ယာဉ်များအား ပိတ်ဆို့ရှာဖွေနေစဉ် သန်းထွန်းဇော်(ခ) မိုက်တီး မောင်းနှင်လာသော မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မီးခိုးရောင် မျက်မှန်ဘူးအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၇ ပြား ၁ထုပ် ၊ အစိမ်းရောင်အဖုံးပါ ကော်ဘူးအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားပါ ၁ ဘူး ၊ စုစုပေါင်း ၂၆ ပြား အလေးချိန် ၂.၆ ဂရမ် တို့နှင့်အတူ ရှာဖွေသိမ်းဆည်းမိသည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းနောက် ဒါရိုက်တာမိုက်တီးအား တာမွေမြို့မရဲစခန်းမှာ မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အလားတူ မူးယစ်ဆေးဝါးမှုနှင့်တရားရင်ဆိုင်နေရသည့် သရုပ်ဆောင် မိုးအောင်ရင်ကိုလည်း မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာ ၁၂တွင်အမိန့်ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly