၂၀၁၈ ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲတွင် ဖိလစ်ပိုင်အလှမယ် ကက်သရီနာ ဂရေး အနိုင်ရရှိ

၂၀၁၈ ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲတွင် ဖိလစ်ပိုင်အလှမယ် ကက်သရီနာ ဂရေး အနိုင်ရရှိ

ဒီဇင်ဘာ ၁၇ ။            ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ၂၀၁၈ ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲမှာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြုအလှမယ် ကက်သရီနာ ဂရေး အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။

ကက်သရီနာ ဂရေးဟာ မယ်စကြာဝဠာပြိုင်ပွဲတွေမှာ အနိုင်ရရှိခဲ့ဖူးတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ လေးယောက်မြောက် အလှမယ်ဖြစ်ကြောင်း သိရှိရပါတယ်။

ဖိလစ်ပိုင်အလှမယ် ကက်သရီနာ ဂရေးကို ၂၀၁၇ ခုနှစ်ရဲ့ မယ်စကြာဝဠာဖြစ်တဲ့ တောင်အာဖရိက အလှမယ် ဒယ်မီလိတ် နယ်လ်ပီတာစ်က သရဖူ ဆောင်းပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲရဲ့ 1st Runner Up အဖြစ် တောင်အာဖရိက အလှမယ် တာမရင်း ဂရင်း၊ 2nd Runner Up အဖြစ် ဗင်နီဇွဲလားအလှမယ် စတဖနီ ဂူရှေးရက်စ်တို့ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၉၂ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာလည်း မယ်စကြာဝဠာပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ်ရဲ့ မယ်စကြာဝဠာအဖြစ် နာမီဘီးယားအလှမယ် မီရှဲလ်မက်လင်း၊ ၂၀၀၅ ခုနှစ်ရဲ့ မယ်စကြာဝဠာအဖြစ် ကနေဒါအလှမယ် နာတလီကလီပိုဗာတို့က ဆွတ်ခူးရရှိခဲ့ကြတာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly