စပိန်နိုင်ငံတွင် ပြည်သူရာပေါင်းများစွာက ဘုရင်စနစ်ကို ဖျက်သိမ်းပေးရန် ဆန္ဒပြလျှက်ရှိ

စပိန်နိုင်ငံတွင် ပြည်သူရာပေါင်းများစွာက ဘုရင်စနစ်ကို ဖျက်သိမ်းပေးရန် ဆန္ဒပြလျှက်ရှိ

မက်ဒရစ်၊ စက်တင်ဘာ-၂၈  ။                             ။ ဘုရင်စနစ်ကို ဖျက်သိမ်းရေး လူထုဆန္ဒခံယူရန် တောင်းဆိုမှုများ တရိပ်ရိပ်ကြီးထွားလာနေချိန်တွင် ဘုရင်စနစ်တိုက်ဖျက်ရေး ဆန့်ကျင်သူများက စပိန်နိုင်ငံ၏ မြို့တော် မက်ဒရစ်၏ လမ်းများပေါ်သို့ ထွက်လာပြီး ဆန္ဒပြလျှက်ရှိသည်ဟု ပရပ်စ်တီဗီသတင်းတစ်ရပ်အရ သိရှိရသည်။

စက်တင်ဘာ ၂၇ရက်နေ့တွင် ၎င်းတို့နိုင်ငံတွင် ဘုရင်စနစ်ရှိနေသည့်အပေါ် မကျနပ်ချက်ကို ဖော်ပြရန်အတွက် စပိန်နိုင်ငံသား ရာပေါင်းများစွာမှာ မက်ဒရစ်၏ လမ်းများပေါ်သို့ ထွက်လာပြီး ဆန္ဒပြနေကြသည်။

သမ္မတနိုင်ငံအလံကို ဝှေ့ယမ်း၊ ဘုရင်စနစ်ဆန့်ကျင်ရေး တံခွန်များကို ကိုင်ဆောင်ထားကြသည့် ဆန္ဒပြသူများက ဘုရင့်နန်းတော်နှင့် ကပ်လျှက်ရှိ Plaza de Oriente သို့ ချီတက်ရင်း ကိုယ့်ကြမ္မာကိုယ် ပြဌာန်းခွင့်ကို တောင်းဆိုခဲ့ကြသည်။

စပိန်လူမျိုးများ၏ ဒေသဖြစ်သည့် ကာတာလိုနီးယားမှ လွတ်လပ်ရေးလိုလားသည့် ပါတီများက ဒေသတွင်း ပါလီမန်ရွေးကောက်ပွဲများတွင် အနိုင်ရသွားသည့်အခါတွင် ယခုကဲ့သို့ စုဝေးဆန္ဒပြမှု ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။

ပြီးလုနီးနီး တရားဝင်မဲရေတွက်မှု ရလဒ်များအရ ဒေသန္တရရွေးကောက်ပွဲများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာတာလိုနီးယားဒေသမှ လွတ်လပ်ရေးလိုလားသည့် ပါတီများက မဲအများစုကို အပြတ်အသတ်အနိုင်ရသွားခဲ့သည်။

ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရသည့် စပိန်နိုင်ငံမှာ ဘုရင်စနစ်တိုက်ဖျက်ရေး ဆန့်ကျင်ဆန္ဒပြမှုများ မကြာခဏဖြစ်ပွားရာ နေရာတစ်ခုလည်း ဖြစ်နေသည်။

တော်ဝင်မိသားစု၏ ပုံရိပ်မှာလည်း ခြစားမှုအရှုပ်တော်ပုံ တသီတတန်းကြီးဖြင့် ညှိုးမှိန်နေရပြီး ယမန်နှစ်က ဘုရင့်ပုံရိပ်ကို ပြန်လည်ထိန်းသိမ်းရန်အတွက် ဖခင်ကို အစားထိုးဆက်ခံခဲ့သည့် ဆဌမမြောက် ဖိလစ်ဘုရင်ကိုလည်း အလွန်အမင်း လူကြိုက်နည်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly