တောဆယ်လီရဲ့ စားကောင်းတဲ့အသီး စီးရီးကို မိတ်ဆက်လိုက်တဲ့ သီတာမိုး

တောဆယ်လီရဲ့ စားကောင်းတဲ့အသီး စီးရီးကို မိတ်ဆက်လိုက်တဲ့ သီတာမိုး

ရန်ကုန်   နိုဝင်ဘာ  ၃၀  ။         ။ တေးသံရှင် သီတာမိုးက Facebook သုံးတဲ့ လူငယ်တွေအတွက် ပညာပေးလေးတွေ သီဆိုထားတဲ့ တောဆယ်လီရဲ့စားကောင်းတဲ့အသီး လို့ အမည် ပေးထားတဲ့ DVD တေးအယ်လ်ဘမ်ကို စတင် မိတ်ဆက်လိုက်ပါတယ်။

ရန်ကုန်မြို့ Orchid ဟိုတယ်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နေ့လယ်ပိုင်းက စာနင်းဇင်းမိတ်ဆက်ပွဲ ပြု လုပ်ခဲ့တာပါ။

" စီးရီးခေါင်းစဉ်ပေးထားတဲ့ တောဆယ်လီရဲ့ စားကောင်းတဲ့အသီးဆိုတာက Facebook သုံးတဲ့ ခေတ် လူငယ်လေးတွေ မမှားသင့်တာ မမှားရအောင်ဆိုတဲ့အတွေးလေးတွေပေါ့နော်။ အဲဒါ လေးတွေကို ပညာပေးတဲ့အနေနဲ့ ပုံဖော်ထားတာပါ။ ဒီထဲမှာ သီချင်းလေးတွေကတော့ ရာသီစာမျိုးစုံ ပါပါတယ်။ အလှူနဲ့ပတ်သက်ပြီးလည်း ပါတယ်။ အလှူမင်္ဂလာဆောင်တွေမှာ ဖွင့်လို့ရတဲ့ ရသ မျိုးစုံတဲ့ သီချင်းလေး တွေလည်း ပါတယ်။ နောက်ပြီး ပညာပေးသီချင်းလေးတွေလည်း ပါပါ တယ်။" လို့ တေးသံရှင် သီတာမိုးက ပြောပါတယ်။

စားကောင်းတဲ့အသီးလို့ အမည် ပေးထားတဲ့ DVD တေးအယ်လ်ဘမ်ဟာ တေးသံရှင်သီတာမိုး ရဲ့ ဒုတိယ မြောက်စီးရီးဖြစ်ပြီး ဒီတေးအယ်လဘမ်ထဲမှာ တေးသံရှင်ဗညားဟန်နဲ့တွဲဖက်သီဆိုထားတဲ့ သီချင်းတွေလည်း ပါဝင်ပါတယ်။

" ညီမလေးသီတာမိုးအခွေကို စီစဉ်တဲ့တေးရေး ဆရာက တေးရေးဆရာ ရာဇဝင်ပေါ့နော်။ ရာဇဝင်နဲ့ ကိုဗညားနဲ့က ရှေ့မှာသတိရရဲ့လား မြခွာ ညို  တေးစီးရီးထွက်ထားတယ်။ အနုပညာ ညီအစ်ကိုတွေဖြစ်တော့ သူစီစဉ်တဲ့ ဒီခွေလေးမှာ စုံတွဲသီချင်းလေး ၂ ပုဒ်လောက် လာရောက်ဆိုပေးပါ။ ကူညီပေးပါ ရိုက်ကူး ပေးပါဆိုတော့ ဒီထဲမှာ ပါဖြစ် သွားတာပေါ့။" လို့ တေးသံရှင် ဗညားဟန်က ပြောပါတယ်။

 

ဒီတေးအယ်လ်ဘမ်ထဲမှာ တေးရေး ရာဇဝင်က တစ်ကိုယ်တော် ခံစားရေးဖွဲ့ထားပြီး မင်္ဂလာပါ၊ သနပ်ခါးလေး မလိမ်းချင်တော့ဘူး၊ မျက်ရည်၊ စားကောင်း တဲ့အသီး၊ ပြိုင်စံရှားတဲ့အလှူ ၊ တောဆယ်လီ၊ သူ မှ သူ၊ အရှုံးသမားအချစ်မဖြစ်ရလိုပါ၊ တစ်ရက် တစ်ည၊ ဦးလို့ခေါ်ပြီး ချစ်မှာပေါ့၊ အချစ်စစ်တန်ဖိုး မောင်နားမလည်၊ ရာဇဝင်တွင်မယ့်အချစ် ဆိုတဲ့ တေးသီချင်း ၁၂ ပုဒ်ပါဝင်ပြီး Bonous Song အဖြစ် မျက်ရည်ဆိုတဲ့ သီချင်းလေး လည်း ထည့်သွင်းသီဆိုပေးထားတယ်လို့ သိရပါတယ်။

 

စားကောင်းတဲ့အသီး လို့ အမည် ပေးထားတဲ့ DVD တေးအယ်လ်ဘမ်မှာ သရုပ်ဆောင်တွေ အဖြစ် ဗညားဟန်၊ သီတာမိုးနဲ့ အနုပညာရှင်များစွာပါဝင်ပြီး ထင်းရှူးရိပ် တေးထုတ်လုပ်ဖြန့်ချိရေးက ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်ဖြန့်ချိသွားမယ် လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly