အိန္ဒိယ၊ အင်ဖာဘက်မှ မန္တလေးသို့ လည်ပတ်နိုင်မည့်ခရီးစဉ် စတင်မည်

အိန္ဒိယ၊ အင်ဖာဘက်မှ မန္တလေးသို့ လည်ပတ်နိုင်မည့်ခရီးစဉ် စတင်မည်
အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့မြင်ကွင်း။ ဓာတ်ပုံ-ဇေယျာမော်

အင်ဖာ၊ နိုဝင်ဘာ ၂၆ ။             ။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့မှ နယ်စပ်ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံ၊ မန္တလေးသို့ သွားရောက် လည်ပတ်နိုင်သည့် ခရီးစဉ်တစ်ခုအား ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် စတင်မိတ်ဆက်ခဲ့သည်။

Indomyan Journeys ဟု အမည်ရှိသည့် ခရီးသွားအေဂျင်စီတစ်ခုအား Khasia tours Pvt ltd နှင့် Mizzima Trading တို့အကျိူးတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

“ဒီလိုအကျိဳးတူပူးပေါင်းဆောင်ရွက်နိုင်တာကြောင့် မြန်မာပြည်က ခရီးသွားတွေလည်း အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်နိုင်မှာဖြစ်သလို အိန္ဒိယနိုင်ငံသားတွေလည်း မြန်မာပြည်ထဲက စိတ်လှုပ်ရှားစရာ နေရာတွေကို သွားရောက်လေ့လာနိုင်တော့မှာပါ ” ဟု Khasia tours Pvt ltd ၏ မန်းနေးဂျင်းဒါရိုက်တာ Aristatle က ဆိုသည်။

မြန်မာနိုင်ငံသားများ သွားရောက်လည်ပတ်လေ့ရှိသည့် ဗုဒ္ဓဂါယာခရီးစဉ်များကိုလည်း Indomyan Journeys မှ အကျိုးဆောင် လုပ်ဆောင်ပေးနိုင်မည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly