ပြတ်ကျသွားသော ကြိုးတံတားနေရာတွင် အစားထိုးမည့် မြောင်းမြတံတားသစ်ကို မတ်လကုန်တွင် ဖွင့်လှစ်မည်

ပြတ်ကျသွားသော ကြိုးတံတားနေရာတွင် အစားထိုးမည့် မြောင်းမြတံတားသစ်ကို မတ်လကုန်တွင် ဖွင့်လှစ်မည်
မြောင်းမြတံတားသစ်တည်ဆောက်နေမှုများအား နိုဝင်ဘာလအတွင်းက တွေ့မြင်ရစဉ်။

ပုသိမ်၊ နိုဝင်ဘာလ ။            ။ မြောင်းမြတံတားအသစ်တံတားအသစ် ၆၅.၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လာမည့်မတ်လအကုန်တွင် ပြည်သူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

“မြောင်းမြတံတား ပြီးစီးမှုရာနှုန်းက ၆၅.၅ ရာနှုန်း ပြီးစီးပါပြီ။ တံတားကြီးကိုတော့ ပြည်သူတွေအနေနဲ့ အသုံးပြုနိုင်မဲ့ကာလကိုတော့ မတ်လအကုန်မှာ ပြည်သူတွေအသုံးပြုနိုင်ဖို့ စီမံချက်တွေချပြီး နေ့ရော၊ ညရော ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နောက်ထပ် တည်ဆောက်ရမယ် အပိုင်းတွေက သံဘောင် တပ်ဆင်ခြင်း အပိုင်းရယ်၊ သံဘောင်အပေါ်မှာ ကြမ်းခင်းခြင်းအပိုင်းတွေ ဖြစ်ပါတယ်” ဟု ဦးမျိုးဝင်း(ညွန်ကြားရေးမှူး (မြို့ပြ) တံတားဦးစီးဌာန)က ပြောသည်၊

ပင်မတံတားသံဘောင်တပ်ဆင်သည့်အပိုင်းကို နိုဝင်ဘာလ ၃ ရက်နေ့တွင် မြောင်းမြဘက်ကမ်းနှင့်  ပုသိမ်ဘက်ကမ်း တွင်ပါ ဆောင်ရွက်နေကြောင်း သိရှိရသည်။ အဆိုပါတပ်ဆင်ခြင်းများကို ဒီဇင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်ပြီး၊ပင်မ တံတား သံဘောင် တပ်ဆင် သည့် အပိုင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အပြီး လုပ်ဆောင်မည် ဖြစ်ကာ မြောင်းမြဘက်ကမ်း ကြမ်းခင်းပြားများကို နိုဝင်ဘာလအကုန်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်းကို တံတား တည်ဆောက်ရေးတာဝန်ခံက ပြောသည်။

မြောင်းမြတံတားသည် တန်၆၀ ခံနိုင်ဝန်ရှိပြီး၊ နှစ်လမ်းသွားတံတားဖြစ်ကြောင်း၊ တံတားမြန်မြန် ပြီးစီးရန် တာဝန်ရှိသူများ နေ ့ညဆောင်ရွက်နေကြောင်း သိရှိရသည်။ တံတားအသုံးပြုမည် သံဘာင်များကို ဂျပန်နည်းပညာဖြင့် ရန်ကုန်တွင်ထုတ်လုပ်ပြီး၊ ယက်မများကို ဂျပန်နည်းပညာဖြင့် ရန်ကုန်တွင် ထုတ်လုပ်ခြင်းဖြစ်ကာ ၊တံတားပေါ်တွင်တပ်ဆင်မည့် လက်ရန်းအား မြောင်းတကာသံမဏိစက်ရုံတွင် ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တံတားအသုံးပြုမည် သံဘာင်များကို ဂျပန်နည်းပညာဖြင့် ရန်ကုန်တွင်ထုတ်လုပ်ပြီး၊ ယက်မများကို ဂျပန်နည်းပညာဖြင့် ရန်ကုန်တွင် ထုတ်လုပ်ခြင်းဖြစ်ကာ ၊တံတားပေါ်တွင်တပ်ဆင်မည့် လက်ရန်းအား မြောင်းတကာသံမဏိစက်ရုံတွင် ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ် ဧပြီလ ၁ ရက်က ပြတ်ကျသွားခဲ့သော ပြတ်ကျသွားသော မြောင်းမြကြိုးတံတားနေရာတွင် အစားထိုးမည့် မြောင်းမြတံတားအသစ်တည်ဆောက်မှုကို ခန် ့မှန်းကုန်ကျစရိတ်အရ ၂၅ ဘီလီယံ ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အနီး၊ လပွ္ပတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် ကားလမ်းမပေါ်ရှိ ရွေးမြစ်အားဖြတ်ကူးတည်ဆောက်ထားသည့် မြောင်းမြမြို့အဝင် ကြိုးတံတားသည် ယခုနှစ် ဧပြီလ ၁ ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မြောင်းမြဘက်ကမ်း ဆိုင်းကြိုး ပြတ်တောက်ကာ တံတားပြတ် ကျခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မှ မြောင်းမြသို့ မောင်းနှင်လာသော Nissan UD အဖြူရောင်(၆)ဘီးကုန်တင်ယာဉ် ဖြတ်သန်းမောင်းနှင် စဉ် တံတားပြတ်ကျခြင်း ဖြစ်ပြီး အဆိုပါကုန်တင်ယာဉ်သည် ရွေးမြစ်အတွင်းသို့ ပြုတ်ကျသွားကာ မြောင်းမြမြို့ နတ်စင်လမ်းမှ ဦးအောင်ကြီး၏ ၆ဘီးကားယာဉ်မောင်း မဲကြီး(ခ)သန့်ဇော်ထိုက်နှင့်စပယ်ယာတစ်ဦး ပေါင်း ၂ ဦး သေဆုံးခဲ့သည်။ 

၁၉၉၄ ခုနှစ် စတင်တည်ဆောက်ပြီး၊ ၁၉၉၆ တွင် ပြီးစီးခဲ့သည့် အဆိုပါ မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် တစ်နိုင်ငံလုံး ကျန်ရှိသော ကြိုးတံတား ၂၉ စင်းကို ပြန်လည်စစ်ဆေး ပြင်ဆင်မှုများကို အစိုးရမှ ဆောင်ရွက်ခဲ့ သည်။ 

မြောင်းမြတံတားကို မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်များ ကုန်စည်စီးဆင်းမှု ၊ ပြည်သူများ သွားလာမှုတို့ အတွက် အသုံးပြုနေသည့်တံတားလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly