ဂါဇာကမ်းမြှောင်မြောက်ပိုင်းတွင် အစ္စရေး လူမဲ့လေယာဉ်ဒရုန်း တစ်စင်းကို ဟားမတ်စ်က ဖမ်းဆီး

ဂါဇာကမ်းမြှောင်မြောက်ပိုင်းတွင် အစ္စရေး လူမဲ့လေယာဉ်ဒရုန်း တစ်စင်းကို ဟားမတ်စ်က ဖမ်းဆီး

ဂါဇာကမ်းမြှောင်မြောက်ပိုင်းတွင် အစ္စရေးပိုင် လူမဲ့လေယာဉ် ဒရုန်းတစ်စင်းကို ပါလက်စတိုင်း တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်က ဖမ်းဆီးရရှိခဲ့ရာ၊ နှစ်လတာအတွင်း ဒုတိယမြောက် ဖမ်းဆီးရရှိမှုဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာ ၁၉ရက်နေ့က သတင်းများအရ ဂါဇာမြောက်ပိုင်း ဘိတ် လာဟီရာ ဆင်ခြေဖုံးဧရိယာအတွင်းသို့ ပြုတ်ကျလာပြီးနောက် ဟားမတ်စ်စစ်အုပ်စု Ezzedine al-Qassam တပ်ဖွဲ့ဝင်များက ဖမ်းဆီးသိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းမှာ နှစ်လတာအတွင်း ပါလက်စတိုင်း တော်လှန်ရေးတပ်သားများကု ဒုတိယမြောက် ဖမ်းဆီးသိမ်းယူခဲ့သည့် ဒုတိယမြောက် အစ္စရေးဒရုန်းယာဉ် ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လက ဂါဇာမြောက်ပိုင်း တွင်နောက်ထပ်ဒရုန်းယာဉ်တစ်စင်း ကျဆင်းလာကြောင်း ဟားမတ်စ်အဖွဲ့က ကြေညာခဲ့ပြီး အဖွဲ့၏ တိုက်ခိုက်ရေးသမားများမှာ လူမဲ့လေယာဉ် (Unmanned aerial vehicle-UAV)ကို ပြန်လည် တည်ဆောက်နိုင်စွမ်းရှိကြောင်းလည်း ပြောကြားခဲ့သည်။

တဲလ်အဗစ်အစိုးရမှာ ၂၀၀၇ခုနှစ်ကတည်းက အစ္စရေး၏ လျော့တိလျော့ရဲ သိမ်းပိုက်မှုအောက်တွင် ရှိနေခဲ့သည့် ကမ်းရိုးတန်းဒေသကို ထောက်လှမ်းရန်အတွက် လူမဲ့လေယာဉ်ဒရုန်းများကို မကြာခဏ အသုံးပြုခဲ့သည်။

ဂါဇာကမ်းမြှောင်မှာ ၂၀၀၈ခုနှစ်နောက်ပိုင်းတွင် အစ္စရေးစစ်ပွဲသုံးခုကို ဖြတ်သန်းခဲ့ပြီဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီက တဲလ်အဗစ်အစိုးရက ဝိုင်းရံပိတ်ဆို့ခံထားရသည့် ကမ်းမြှောင်ကို ရက်၅၀ကြာ ထိုးစစ်ဆင်နွှဲခဲ့ရာ ကလေးသူငယ် ၅၅၇ယောက်အပါအဝင် ပါလက်စတိုင်း ၂၁၄၀ သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly